အစိုးသစ်လက်ထက် ပညာရေးဝန်ကြီးဌာန၏ ရက် (၁၀၀) စီမံချက်တွင်
ကျူရှင်ပညာရေးထိန်းကျောင်း သင့်ကြောင်း ကျောင်းသားမိဘများ၏ပြောဆိုမှုများရှိနေသည်။
အစိုးရသစ်လက်ထက်
“ အခြေခံပညာကျောင်းများတွင် လူတန်းစား မရွေးစာသင်ကြားနိုင်ရေးအတွက် အခမဲ့ကျောင်းအပ်နှံရေးအစီအစဉ် သည်
လွန်စွာကောင်းမွန်သော်လည်း ပြည့်စုံမှုမရှိကြောင်း အခြေခံလူတန်းစားများအတွက် ၎င်းတို့သားသမီးများအတွက် နောက်ဆက်တွဲ ကျူရှင်ထားရခြင်းမှာ ဝန်ထုတ် ဝန်ပိုးဖြစ်နေသလို
စာသင်ကြားမှုတွင် ကျူရှင်ပညာရေးကြောင့် ပညာသင်ကြားနိုင်မှုတွင် ငွေကြေးအရ ကျောင်းသား၊ကျောင်းသူများတွင်
တန်းတူပညာသင်ကြားနိုင်ရေးအခွင့် အရေးများ ဆုံးရှုံးလျှက်ရှိကြောင်း “ကျောင်းသား မိဘတစ်ဦးဖြစ်သူ
မကွေးမြို့၊ဈေးလယ်စိုးရပ်ကွက်ေ န ဦးဇေယျာမှပြောကြားသည်။ “ ကျွန်တော့မှာ ကလေး(၃)ယောက်ရှိတယ် ဒုတိယတန်း၊ တတိယတန်းနှင့် ပဉ္စမတန်းများဖြစ်တယ် ကျွန်တော့ကလေး
(၃)ဦး စလုံး အများကလေးများနှင့်တန်းတူ ကျူရှင်ထားဖိုရာ ကျောင်းသား(၃)ဦးစလုံးအတွက်
အနည်းဆုံးတစ်လလျှင် ကျူရှင်ဖိုးငွေ(၄)သောင်းလောက်ရှိမှ ဖြစ်မှာဆိုတော့ စားဝတ်နေရေးအတွက်
ငွေကြေးအပြင် တစ်လလျှင်(၄)သောင်း လောက်ရရှိဖို့ ကြိုးစားရှာဖွေရမှာပါ ကျူရှင်လခငွေက
ကျွန်တော်တို့လို အခြေခံလူတန်း စားများအတွက်တော့ ဝန်ထုပ်ဝန်ပိုးဖြစ်နေတယ် မရှာနိုင်တဲ့အခါဆိုရင်တော့ကျူရှ င်ထုတ်ပစ်ရမှာပေါ့ အခြေခံလူတန်း စားများအတွက် ပညာရေးဝန်ကြီးဌာနအနေဖြင့်
အခမဲ့ကျူရှင်သင်ကြားနိုင်ရေးအတွ က် နည်းလမ်းရှာကြံလုပ်ဆောင်သင့်ေ ကြာင်း ၎င်းမှဆက်လက်ပြောကြားသည်။ “လက်ရှိ
အခြေခံပညာကျောင်းအောက်ခြေ kG တန်း မှ တက္ကသိုလ်အထိ ဆရာ၊ဆရာများအနေဖြင့်ကျူရှင်ပေြး ခင်း
လုပ်ငန်းအားအလေးထားလုပ်ဆောင်နြေ ခင်းအား ပညာရေးဝန်ကြီးဌာနအနေဖြင့် တင်းကြပ်စွာတားမြစ်သင့်ပါတယ်၊
ဝန်ထမ်းဆရာ၊ ဆရာများအနေဖြင့်လည်း ဝန်ထမ်းလစာနှင့် ၎င်းတို့၏မိသားစုစားဝတ်နေရေး
မထိန်းကျောင်း
နိုင်တာကိုလည်း ကိုယ်ချင်းစာပါတယ် ၊ ကျူရှင်ပေးခြင်းဖြင့် ကျူရှင်လစာမှာ
ဝန်ထမ်းလစာထက် ပိုမိုရရှိနေသလို ဆရာ၊ဆရာမများအနေဖြင့် ဝန်ထမ်းလစာနှင့်
ကျူရှင်လစာ(နှစ်သီးစား) လုပ်ဆောင်နေသောကြောင့်
အစိုးရကျောင်း များတွင် ဝန်ထမ်းများအနေဖြင့် ကျောင်းချိန် တာဝန်ပေါ့လျော့ကာ
ကျောင်းပုံရိပ်နိမ့်ကျလာခြင်း၊ အစိုးရကျောင်းများကို
အလေးထားတက်ရောက်ပညာသင်ကြား
နေသော ကျောင်းသား၊ ကျောင်းသူများအတွက်နစ်နာမှုများ ရှိနေကြောင်း “ အငြိမ်းစားပင်စင်စားကျောင်းဆရာ တစ်ဦးမှ
၎င်း၏အမြင်အားပြောကြားသည်။
“လက်ရှိအစိုးရအနေဖြင့်
ကျောင်းဆရာဝန်ထမ်းဆရာ၊ဆရာမများ အား လစာတိုးမြင့်ပေးပြီး ကျူရှင်သင်ကြားခြင်းအား ဥပဒေဖြင့်
တင်းကြပ်စွာ တားမြစ်ကိုင်တွယ်သင့်ပြီး ပညာရေးဝန်ကြီးဌာနအနေဖြင့်
ဆရာများအား လူမှုရေးအဖွဲ့အစည်းများ၊ ပရဟိတအခမဲ့ပညာကျောင်းများ နှင့်ချိတ်ဆက်ညှိနှိုင်းပူးပေါင်းကာ အခြေခံလူတန်းစားပြည်သူ ကျောင်းသား၊ကျောင်း သူများ
အတွက် အခမဲ့ကျူရှင်သင်ကြားနိုင်ရေး ပညာရေးဝန်ကြီးဌာန၏ ရက်(၁၀၀)စီမံချက်တွင် ညှိနှိုင်းလုပ်ဆောင်ပေး
သင့်ကြောင်း” န၀မတန်းကျောင်းသားမိဘတစ်ဦးဖြစ်သူ ဒေါ်အေးမှပြောကြားသည်။
kzy
0 comments:
Post a Comment