This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Monday, June 27, 2016

မြေလတ်ဂျာနယ် အတွဲ ၂ - အမှတ် - ၉ / ဇူလိုင် ( ၁ - ၁၅) ထွက်မည့်ဂျာနယ် ဇွန် ၂၉ရက်နေ့ဖြန့်ချိပါမည်

မြေလတ်ဂျာနယ် အတွဲ ၂ - အမှတ် - ၉  / ဇူလိုင် ( ၁ - ၁၅) ထွက်မည့်ဂျာနယ်  ဇွန် ၂၉ ရက်နေ့ဖြန့်ချိပါမည်။

Tuesday, June 14, 2016

စလင်းမြို့နယ်တွင် ပဲတီစိမ်းစိုက်တောင်သူများ အထွက်နည်းသော်လည်း ဈေးကောင်းမရရှိ


စလင်း       ဇွန်      ၁၅
စလင်းမြို့နယ် တွင် ချောင်းများနှင့်နီးစပ်ရာယာမြေများတွင် ရေတင်စနစ်ဖြင့် ပဲတီစိမ်းများ အဓိက ထားစိုက်ပျိုးကြသော်လည်း ရာသီဥတုပြောင်းလဲမှုများကြောင့် ပဲတီစိမ်းများ အထွက်နည်းပြီး ယခင်နှစ်များထက် ဈေးနှိမ်ဝယ်ယူ၍ရောင်းချနေကြရသည်။
စည်ဆွဲကျေးရွာနေ ပဲတီစိမ်းစိုက်တောင်သူဖြစ်သည့် ဒေါ်ငွေရည်မှ ``ယခင်နှစ် တစ်ဧကကို  (၃၀)တင်းမှ (၃၅)တင်းခန့်ထွက်ရှိတယ်၊ ယခုနှစ်တွင် ရင့်မှည့်ပြီး ဆွတ်ခူးရန် အချိန်မှ မထင်မှတ်ဘဲ မိုးများခဲ့၍ (၁၅)တင်း မှ တင်း(၂၀)ခန့်သာ ထွက်ရှိခဲ့လို့ အချိုတောင်သူများမှာ အထွက်နည်းပြီး လုပ်ခများပင် ရှုံးဆုံးကြောင်း၊ ပဲဈေးမှာလည်း ယခင်နှစ်က တစ်တင်းလျင်(၃၈၀၀၀ိ/-)ကျပ်ထိရောင်းချရပြီး၊ ယခုနှစ်တွင် (၃၀၀၀၀ိ/-)ကျပ်ဖြင့်သာ အ၀ယ်ဒိုင်များထံ ရောင်းချနေရကြောင်း ၊ထွက်ရှိသော ပဲများကို ချောက်မြို့သို့သွားရောက်ရောင်းချနေရကြောင်း´´ပြောပြ၍ သိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)

စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး ဈေးအတွင် သား/ငါးဆိုင်များအား ကွင်းဆင်းစစ်ဆေး

စေတုတ္တရာ     ဇွန်     ၁၅
မင်းဘူးခရိုင်၊စေတုတ္တရာမြို့နယ်၊မြို့မဈေးအတွင်းတွင် ရောင်းချနေလျက်ရှိသော သား/ငါး ဆိုင်များအား စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ခြင်၊ယင်နှင့်ပိုးမွှား အန္တရာယ် ကင်းစေရေးနှင့် စနစ် တကျ ထားသိုထုတ်ပိုးရောင်းချစေရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊အမှုဆောင်အရာရှိ ဦးသက်နိုင်နှင့် မြို့နယ် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန၊မြို့နယ်ဦးစီးမှူး ဦးဖိုးကျော်မင်းတို့အဖွဲ့ ဈေးကော်မတီအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ဇွန်လ(၁၄)ရက်နေ့ နံနက်ပိုင်းက လိုက်လံစစ်ဆေးကြည့်ရှု အသိပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)

တောင်သူများ စိုက်ပျိုးချိန်အမီ စိုက်ပျိုးနိုင်ရေး မိုးရာသီသီးနှံဘဏ်ချေးငွေများထုတ်ချေး


စေတုတ္တရာ     ဇွန်      ၁၅
မင်းဘူးခရိုင်၊စေတုတ္တရာမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊မြို့နယ်ဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ တောင်သူများအား မိုးရာသီ(သီးနှံစုံ) စိုက်ပျိုးစရိတ် ဘဏ်ချေးငွေများကို မေလ(၁၈)ရက်နေ့မှ စတင်ထုတ်ချေး ပေးလျက်ရှိရာ ကျေးရွာအုပ်စု (၃၄)အုပ်စုမှ တောင်သူ (၁၇၅၀)ဦးအတွက် စုစုပေါင်းချေး ငွေကျပ် ပေါင်(၃၉၄၂.၈၀)သိန်းအား ထုတ်ချေးပေးရန် လျားထားကြောင်းသိရှိရသည်။
ထိုသို့ထုတ်ချေးဆောင်ရွက်လျက်ရှိရာ  ဇွန်လ(၁၄)ရက်နေ့ထိ ကျေးရွာအုပ်စု (၁၇)အုပ်စုမှ တောင်သူ အစုအဖွဲ့ (၂၉၆)ဖွဲ့၊အဖွဲ့ဝင်တောင်သူ (၈၇၀)ဦးအား စပါး(၈၇၄)ဧက၊နှမ်း(၂၂၆၃)ဧက၊ပဲစဉ်းငုံ(၁၇၀၄)ဧက တို့အတွက် ချေးငွေကျပ် (၂၁၀၄.၄၀)သိန်း ထုတ်ချေးပေးပြီးဖြစ်ကြောင်းနှင့် ချေးငွေနှုန်းထားများမှာ စပါးတစ်ဧကလျင် စိုက်ပျိုးစရိတ်ကျပ်တစ်သိန်းငါးသောင်းနှုန်း၊နှမ်း/ပဲစဉ်းငုံတစ်ဧကလျင် စိုက်ပျိုးစရိတ် ကျပ် နှစ်သောင်းနှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိသည်။
ဖအိုင်အရှေ့ကျေးရွာနေ တောင်သူ ဦးမောင်စန်းမှ `` ယခုနှစ် စိုက်ပျိုးစရိတ်ကို တိုးပြီး ထုတ်ချေး ပေးတော့ အခြားက ငွေတိုးပေးချေးငှားစိုက်ပျိုးရတာ အများကြီးသက်သာလာတယ်၊အတိုးနှုန်းလည်းသက်သာ တယ်၊စိုက်ပျိုးချိန်မီ ထုတ်ချေးပေးတယ်ဆိုတော့ ကျွန်တော်တို့တောင်သူတွေ မိုးသီးနှံစိုက်ပျိုးရတာ အဆင်ပြေပါတယ်´´ ဟုပြောသည်။
တင်ထွန်းဦး(မင်းဘူး)

ရက်(၁၀၀)လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး


မင်းဘူး     ဇွန်     ၁၄
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန မင်းဘူးမြို့နယ်ကျေးလက်ဦးစီးဌာနမှ ဆောင်ရွက်သည့် ရက်(၁၀၀)လုပ်ငန်းဖြစ်သော စကု-အိုင်းမ ကျောက်ချောလမ်းပေါ်ရှိ Box Culvert (6'x3" x 6'x18')တန်ဖိုးငွေကျပ် (၂၅)သိန်းဖြင့် ဆောက်လုပ်ခြင်းလုပ်ငန်းအား ဇွန်လ ၁၃ ရက် နံနက် ၉ နာရီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်း၊တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်စွမ်းရည်နှင့် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး တို့မှကွင်းဆင်းစစ်ဆေးမှုကို မင်းဘူးမြို့နယ် ကျေးလက်ဦးစီးမှူး ဦးအောင်ဘုန်းလင်းမှ ဆောင်ရွက် မှုလုပ်ငန်းများနှင့်ပတ်သက်၍ လိုက်လံပြသ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)

UNOPS မှဆောက်လုပ်လှူဒါန်းသော ကျေးလက်ကျန်းမာရေးဌာနနှင့် ဌာနခွဲအဆောက်အဦများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်


ငဖဲ     ဇွန်     ၁၄
မင်းဘူးခရိုင် ငဖဲမြို့နယ် ဆင်ချည်တိုင် ကျေးရွာအုပ်စု ကုန်းသာကျေးရွာတွင် UNOPS (ကုလသမဂ္ဂစီမံကိန်းလုပ်ငန်းများဆောင်ရွက်မှုရုံး)မှ ဆောက်လုပ်လှူဒါန်းသော ကျေးလက်ကျန်းမာ ရေးဌာနခွဲများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အဆိုပါကျန်းမာရေးဌာနခွဲ အဆောက်အဦရှေ့တွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး သယံဇာတ သဘာဝပတ်ဝန်းကျင်၊ စွမ်းအင်နှင့် လျှပ်စစ်ဝန်ကြီးဌာန ၀န်ကြီး ဒေါက်တာ ခင်မောင်အေးက အဖွင့်အမှာစကားပြောကြားပြီး ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုးလွင်ငြိမ်းက တစ်နိုင်ငံလုံးပြည်သူ လူထုအတွက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ရာတွင် ကျေးလက်ဒေသကို ပိုမိုအလေးထားပြီး ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊UNOPS မှ ဒါရိုက်တာမစ္စတာ နီကိုလာစ်ဂျော့က ကျေးလက်ကျန်းမာရေး ကဏ္ဍပိုမိုစောင့်ရှောက်မှုပေးနိုင်ရန် အဆောက်အဦသစ်များ ဆောက်လုပ်လှူဒါန်းခြင်းဖြစ်ကြောင်း၊ 3MDG FMO မှ ဒေါက်တာကျော်ညွှန့်စိန်က 3MDG ထောင်စုနှစ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် သုံးမျိုး ရန်ပုံငွေအကြောင်းတို့ကို ရှင်းလင်းပြောကြားပြီး ကုန်းသာကျေးရွာ ကျေးလက်ကျန်းမာရေး ဌာနခွဲအား UNOPS မှProject Manager Mr.Yoga Nanda က ပေးအပ်ရာ မကွေးတိုင်းဒေသကြီး ဒုတိယ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမွန်မွန်မြင့်က လက်ခံရယူသည်။
ဆက်လက်၍ ကျေးရွာကျန်းမာရေးဌာနခွဲများအား ဆောက်လုပ်နိုင်ရန် မြေနေရာအလှူရှင် (၅)ဦးကို ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပြီး ကုန်းသာကျေးရွာကျန်းမာရေးဌာနခွဲ အဆောက်အဦ သစ်အား သယံဇာတ သဘာဝပတ်ဝန်းကျင်၊ စွမ်းအင်နှင့် လျှပ်စစ်ဝန်ကြီးဌာန ၀န်ကြီး ဒေါက်တာ ခင်မောင်အေး၊ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုးလွင်ငြိမ်း၊ UNOPS မှProject Manager Mr.Yoga Nanda နှင့်3MDG FMO မှ ဒေါက်တာကျော်ညွှန့်စိန်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် မကွေးတိုင်းဒေသကြီး ဒုတိယ တိုင်းပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမွန်မွန်မြင့်က နိဂုံချုပ် အမှာစကားပြောကြားကာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစောက ကျေးရွာအုပ်စု အတွင်းရှိ ကျေးလက်နေပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုရရှိမည် ဖြစ်၍ UNOPS မှ ဒါရိုက်တာမစ္စတာ နီကိုလာစ်ဂျော့အား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ပြန်လည် ပြောကြားခဲ့သည်။
ငဖဲမြို့နယ်တွင် ကုန်းသာ၊ ရှောက်တောင်၊ သာယာကုန်းနှင့် ဆုံကုန်းကျေးရွာ ကျေးလက် ကျန်းမာရေးဌာနခွဲ(၄)ခုအား  UNOPS မှ ဦးစီး၍ တပြိုင်နက် ဆောက်လုပ်လှူဒါန်းပြီး အဆောက်အဦ မှာ အလျား ၄၄ ပေ၊အနံ ၃၀ ပေနှင့် ၀န်ထမ်းအိမ်ယာ အလျား ၄၀ ပေ၊အနံ ၂၄ ပေရှိ သံကူကွန်ကရစ် တစ်ထပ်အဆောက်အဦဖြစ်ပြီး (၁၄-၃-၂၀၁၅)ရက်နေ့တွင် စတင်ဆောက်လုပ်ခဲ့ပြီး (၁၄-၁၂-၂၀၁၅)ရက်နေ့တွင် အပြီးသတ်ဆောက်လုပ်ပြီးစီးခဲ့ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

လွှတ်တော်ကိုယ်စားလှယ်နှင့်ဌာနဆိုင်ရာများ ကျေးလက်ပြည်သူအကျိုး ကွင်းဆင်းဆောင်ရွက်


မကွေး     ဇွန်      ၁၄
မကွေးတိုင်းဒေသကြီး အမှတ်(၁)မဲဆန္ဒနယ်မြေ၊အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအဖွဲ့ဝင် ဦးလှဆန်းနှင့် ဌာနဆိုင်ရာတို့ ပူးပေါင်းကာ ကျေးရွာပြည်သူများနှင့်တွေ့ဆုံပွဲ အခမ်းအနားကို မကွေးမြို့နယ် တပ်ကုန်းကျေးရွာ အုပ်စု အင်းနက်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပသည်။
ရှေးဦးစွာ UNICEF ၏ထောက်ပံ့မှုဖြင့် မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ မကွေးမြို့နယ် တာဝန်ခံ ကိုကျော်သူက  တပ်ကုန်းကျေးရွာ ကျေးရွာစာသင် ကျောင်းတွင်  ၄ လက်မပိုက် စက်ရေတွင်းနှင့်အင်းနက်ကျေးရွာတွင် ၂ လက်မပိုက် စက်ရေတွင်းများကို ရေပိုက်လိုင်းများဖြင့် စာသင်ကျောင်း၊ကျေးရွာအရောက် ဖြန်ဝေပေးနိုင်ခဲ့ပြီး  ရေကော်မတီ ဥက္ကဌထံသို့ လှူဒါန်းထား သော စက်ရေတွင်းအား ရေရှည်ထိန်းသိမ်းရန် လွဲပြောင်းပေးအပ်ပြီး ရပ်မိရပ်ဖ ဦးအောင်ပန်းက စက်ရေတွင်းလှူဒါန်းမှုနှင့် ကွင်းဆင်းဆောင်ရွက်မှု လုပ်ငန်းများနှင့် ပတ်သက်၍ အမှာစကား ပြောကြားသည်။
ထို့နောက် မကွေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ဦးစီးမှူး ဦးအောင်စိုးက စားသုံးသူကာကွယ်ရေး ဥပဒေ၊ဥပဒေ၏ရည်ရွယ်ချက်၊စားသုံးသူအခွင့်အရေး၊စားသုံးသူတာဝန်နှင့် စားသုံသူအငြင်းပွားမှု ဖြေရှင်းရေး၊ အန္တရာယ်ဖြစ်စေသော ဆိုးဆေး၊ဓာတုဆေးများပါ အစားအစာ များ မစားသုံးရန် စသည်ဖြင့် ကျေးရွာပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရှင်းလင်းပြော ကြားသည်။
၎င်းနောက် မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်းက လွှတ်တော်အတွေ့အကြုံများကို အကျယ်တ၀င့် ရှင်းလင်းဆွေးနွေးတင်ပြပြီး စိုက်ပျိုးရေး ကျွမ်းကျင် ပညာရှင်(မြေဆီလွှာ/ပိုးမွား) ဦးစိုးသွင်ဦးမောင်က ဆီထွက်သီးနှံ မြေပဲ၊နှမ်းစိုက်တောင်သူများ အတွက် စိုက်ပျိုးရေး၊ သဘာဝမြေဆွေး၊ အဏုဇီဝ မြေသြဇာ၊ ဓါတ်မြေသြဇာ၊ ရွက်ဖြန်းဆေးများ သတ်မှတ်ချိန်ကာလအတွင်း သုံးစွဲရန်၊သုံးစွဲနည်း၊နည်းပညာရပ်များကို ဟောပြာပို့ချသွားသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး အရေပြား ခုခံကျ ကာလသားရောဂါ တိုက်ဖျက်ရေး ဆရာဝန်ကြီး ဒေါက်တာ မြင့်အောင်(ငြိမ်း)က AIDS ခုခံအားကျဆင်းစေသောရောဂါနှင့် ကာလ သားရောဂါအကြောင်းကို လည်းကောင်း၊ ကျန်းမာရေး ဗဟုသုတများနှင့်ပတ်သက်၍ အသိပညာ ပေး ရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့် ကျေးရွာပြည်သူများက မရှင်းလင်းသည်များကို ပြန်လည်မေးမြန်းရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် ရှင်းလင်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲတွင် ဒေါ်မေ၀င်းထွန်း(ငြိမ်း)ဓာတ်ခွဲမှူး၊ ဦးမြင့်အောင်(ငြိမ်း)ဓာတ်ခွဲ ပထမတန်း တို့မှ ပြည်သူ(၁၀၆)ဦး တို့အား သွေးအမျိုးအစား ခွဲခြားခြင်းများဆောင်ရွက်ပေးခဲ့ ကြောင်းနှင့် ကျေးရွာ ရပ်မိရပ်ဖ ဦးလှစိုးက ခုလို ကျေးရွာအရောက် လာရောက်ကာ ဆောင်ရွက်ပေးခဲ့လို့ ကျေးရွာပြည်သူများအနေဖြင့် စိုက်ပျိုးရေး၊ပညာရေး၊ကျန်းမာရေး အသိပညာ ဗဟုသုတတွေ များစွာ ရရှိစေတဲ့အတွက်  အထူးပင် ကျေးဇူးတင်ပါတယ် ဟု ပြောကြားခဲ့ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

Saturday, June 11, 2016

ရုံးလုပ်ထုံးလုပ်နည်းနှင့်စီမံခန့်ခွဲရေးသင်တန်း အမှတိစဉ် (၁/၂၀၁၆) သင်တန်းဖွင့်ပွဲ


၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊
ထီးလင်းမြို့နယ်၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးလုပ်ထုံးလုပ်နည်းနှင့်စီမံခန့်ခွဲရေးသင်တန်းအမှတ်စဉ် (၁/၂၀၁၆) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ထီးလင်းမြို့ကျေးလက်ဦးစီးဌာန ရုံးတွင်  (၁၁.၆.၂၀၁၆)ရက်နေ့၌ကျင်းပပြုလုပ်ရာ မြို့နယ်ဦးစီးမှူး ဦးအောင်ကိုလတ်နှင့် ဝန်ထမ်းများ စုစုပေါင်း (၁၀)ဦးတက်ရောက်ခဲ့ပါသည်။
        အခမ်းအနားကိုနံနက်(၈း၀၀)နာရီ အချိန် တွင် ကျင်းပခဲ့ရာမြို့နယ်ဦးစီးမှူးဦးအောင်ကိုလတ်
က ဝန်ထမ်းကောင်းတစ်ယောက်ဆိုတာ စည်းကမ်းရှိဖို့လိုကြောင်း၊ စနစ်ဘယ်လောက်ကောင်းကောင်း စည်းကမ်းမရှိလျှင် ဝန်ထမ်း ကောင်းတစ်ယောက် ဖြစ်လာမှာမဟုတ်ကြောင်း နှင့် ရုံးလုပ်ထုံးလုပ်နည်းနှင့်စီမံခန့်ခွဲရေးသင်တန်း ကို ပျက်ရက်မရှိအောင် ကြိုးစားသင်ယူပါလို့ ပြောကြားခဲ့ပါသည်။
        ထို့နောက် ဒု.ဦးစီးမှူး ဒေါ်သီရိဇင်မင်းက သင်တန်းတွင် ရုံးလုပ်ငန်းလက်စွဲ၊ နိုင်ငံဝန်ထမ်း နည်းဥပဒေ၊ လချုပ်ပို့ရမည်များ၊ ငွေစာရင်းဇယား ရေးဆွဲနည်း၊ ငွေစာရင်းခေါင်းပြောင်း များကို (၁၁.၆.၂၀၁၆)မှ (၃၀.၆.၂၀၁၆)ထိ ရက်ပေါင်း ၂၀ ကြာ သင်တန်းပို့ချမည်ဖြစ်ကြောင်းပြော ကြားခဲ့ပြီး သင်တန်းဆင်းပွဲ ကို နံနက်(၈း၃၀)နာရီအချိန်တွင်ပြီးစီးခဲ့ရာ အဆိုပါ သင်တန်းတွင် သင်တန်းနည်းပြ ၂ ဦး သင်းတန်းသူ/သား ၇ ဦး ဦးရှိကြောင်းသတင်းရရှိပါသည်။
                 သီရိ ( DRD HTEELIN)

ပညာရေးဝန်ကြီးဌာန၏ ရက် (၁၀၀ )စီမံချက်တွင် ကျူရှင်ပညာရေး ထိန်းကြောင်းရေးပါဝင်သင့်



                    အစိုးသစ်လက်ထက် ပညာရေးဝန်ကြီးဌာန၏ ရက် (၁၀၀) စီမံချက်တွင် ကျူရှင်ပညာရေးထိန်းကျောင်း သင့်ကြောင်း ကျောင်းသားမိဘများ၏ပြောဆိုမှုများရှိနေသည်။ 

အစိုးရသစ်လက်ထက် “ အခြေခံပညာကျောင်းများတွင် လူတန်းစား မရွေးစာသင်ကြားနိုင်ရေးအတွက် အခမဲ့ကျောင်းအပ်နှံရေးအစီအစဉ်သည် လွန်စွာကောင်းမွန်သော်လည်း ပြည့်စုံမှုမရှိကြောင်း အခြေခံလူတန်းစားများအတွက် တို့သားသမီးများအတွက် နောက်ဆက်တွဲ ကျူရှင်ထားရခြင်းမှာ ဝန်ထုတ် ဝန်ပိုးဖြစ်နေသလို စာသင်ကြားမှုတွင် ကျူရှင်ပညာရေးကြောင့် ပညာသင်ကြားနိုင်မှုတွင် ငွေကြေးအရ ကျောင်းသား၊ကျောင်းသူများတွင် တန်းတူပညာသင်ကြားနိုင်ရေးအခွင့်အရေးများ ဆုံးရှုံးလျှက်ရှိကြောင်း “ကျောင်းသား မိဘတစ်ဦးဖြစ်သူ မကွေးမြို့၊ဈေးလယ်စိုးရပ်ကွက်နေ ဦးဇေယျာမှပြောကြားသည်။                                                                            “ ကျွန်တော့မှာ ကလေး(၃)ယောက်ရှိတယ်  ဒုတိယတန်း၊ တတိယတန်းနှင့် ပဉ္စမတန်းများဖြစ်တယ် ကျွန်တော့ကလေး (၃)ဦး စလုံး အများကလေးများနှင့်တန်းတူ ကျူရှင်ထားဖိုရာ ကျောင်းသား(၃)ဦးစလုံးအတွက် အနည်းဆုံးတစ်လလျှင် ကျူရှင်ဖိုးငွေ(၄)သောင်းလောက်ရှိမှ ဖြစ်မှာဆိုတော့ စားဝတ်နေရေးအတွက် ငွေကြေးအပြင် တစ်လလျှင်(၄)သောင်း လောက်ရရှိဖို့ ကြိုးစားရှာဖွေရမှာပါ ကျူရှင်လခငွေက ကျွန်တော်တို့လို အခြေခံလူတန်း စားများအတွက်တော့ ဝန်ထုပ်ဝန်ပိုးဖြစ်နေတယ် မရှာနိုင်တဲ့အခါဆိုရင်တော့ကျူရှင်ထုတ်ပစ်ရမှာပေါ့  အခြေခံလူတန်း စားများအတွက် ပညာရေးဝန်ကြီးဌာနအနေဖြင့် အခမဲ့ကျူရှင်သင်ကြားနိုင်ရေးအတွက် နည်းလမ်းရှာကြံလုပ်ဆောင်သင့်ကြောင်း မှဆက်လက်ပြောကြားသည်။                                                                                                                “လက်ရှိ အခြေခံပညာကျောင်းအောက်ခြေ kG တန်း မှ တက္ကသိုလ်အထိ ဆရာ၊ဆရာများအနေဖြင့်ကျူရှင်ပေးခြင်း လုပ်ငန်းအားအလေးထားလုပ်ဆောင်နေခြင်းအား ပညာရေးဝန်ကြီးဌာနအနေဖြင့် တင်းကြပ်စွာတားမြစ်သင့်ပါတယ်၊ ဝန်ထမ်းဆရာ၊ ဆရာများအနေဖြင့်လည်း ဝန်ထမ်းလစာနှင့် တို့၏မိသားစုစားဝတ်နေရေး မထိန်းကျောင်း နိုင်တာကိုလည်း ကိုယ်ချင်းစာပါတယ် ၊ ကျူရှင်ပေးခြင်းဖြင့် ကျူရှင်လစာမှာ ဝန်ထမ်းလစာထက် ပိုမိုရရှိနေသလို ဆရာ၊ဆရာမများအနေဖြင့်  ဝန်ထမ်းလစာနှင့် ကျူရှင်လစာ(နှစ်သီးစား) လုပ်ဆောင်နေသောကြောင့် အစိုးရကျောင်း များတွင် ဝန်ထမ်းများအနေဖြင့် ကျောင်းချိန် တာဝန်ပေါ့လျော့ကာ ကျောင်းပုံရိပ်နိမ့်ကျလာခြင်း၊  အစိုးရကျောင်းများကို အလေးထားတက်ရောက်ပညာသင်ကြား နေသော ကျောင်းသား၊ ကျောင်းသူများအတွက်နစ်နာမှုများရှိနေကြောင်း “ အငြိမ်းစားပင်စင်စားကျောင်းဆရာတစ်ဦးမှ ၏အမြင်အားပြောကြားသည်။                                                                                               “လက်ရှိအစိုးရအနေဖြင့် ကျောင်းဆရာဝန်ထမ်းဆရာ၊ဆရာမများအား လစာတိုးမြင့်ပေးပြီး ကျူရှင်သင်ကြားခြင်းအား ဥပဒေဖြင့် တင်းကြပ်စွာ တားမြစ်ကိုင်တွယ်သင့်ပြီး  ပညာရေးဝန်ကြီးဌာနအနေဖြင့် ဆရာများအား လူမှုရေးအဖွဲ့အစည်းများ၊ ပရဟိတအခမဲ့ပညာကျောင်းများ နှင့်ချိတ်ဆက်ညှိနှိုင်းပူးပေါင်းကာ  အခြေခံလူတန်းစားပြည်သူ ကျောင်းသား၊ကျောင်း သူများ အတွက် အခမဲ့ကျူရှင်သင်ကြားနိုင်ရေး ပညာရေးဝန်ကြီးဌာန၏ ရက်(၁၀၀)စီမံချက်တွင် ညှိနှိုင်းလုပ်ဆောင်ပေး သင့်ကြောင်း” န၀မတန်းကျောင်းသားမိဘတစ်ဦးဖြစ်သူ ဒေါ်အေးမှပြောကြားသည်။ 
                                                         kzy

အစ်မဖြစ်သူအား ညှင်းပန်းနှိပ်စက်သောယောက်ဖအား မောင်ဖြစ်သူမှ ဓါးဖြင့်ခုတ်သတ်

                 နတ်မောက်မြို့နယ်၊သားမျှားကျေးရွာ(မ) တွင် ဇွန်(၉)ရက်နေ့ ညပိုင်းက အစ်မဖြစ်သူအား ညှင်းပန်းနှိပ်စက်ခဲ့သော ယောက်ဖအား မောင်ဖြစ်သူမှ ဓါးဖြင့်ခုတ်သတ်မှုဖြစ်ပွားခဲ့ကြောင်း နယ်မြေခံရဲစခန်းမှသိရသည်။
 ဖြစ်စဉ်မှာ ဇွန်(၉)ရက်နေ့ ည(၁၀)နာရီအချိန်က မလှနှင်းဆီ၊အသက်(၄၂)နှစ်၊သားမျှားကျေးရွာ(မ)၊နတ်မောက်မြို့နယ်နေသူသည်နေအိမ်ရှိနေစဉ် လွန်ခဲ့သော(၂)လခန့်က ကွဲကွာနေသည့်၏ခင်ပွန်းဖြစ်သူ တစ်ရွာတည်းနေ ဦးခင်ငြိမ်း၊အသက်(၄၈)နှစ်ရောက်ရှိလာပြီး မလှနှင်းဆီအား ရွာ၏အရှေ့ဘက်သို့ဆွဲခေါ်သွားပြီး လည်ပင်းညှစ်ညှင်းပန်းနှိပ်စက်၍ ပတ်ဝန်းကျင်သို့အော်ဟစ်အကူအညီ တောင်းခဲ့ရာ တစ်ရွာတည်းနေ ဦးသန်းထွေး ရောက်ရှိလာကာ ဝင်ရောက်ဖြန်ဖြေပေးခဲ့သဖြင့် မလှနှင်းဆီမှာ ရွာထဲသို့ပြန် သွားခဲ့ပြီး အိမ်နီးချင်းဖြစ်သူ ဦးအောင်ကျော်ငြိမ်း၏နေအိမ်တွင်ထိုင်နေစဉ် မလှနှင်းဆီ၏နေအိမ်အောက်တွင် အိပ်နေသော မောင်အရင်းအဖြစ်သူ မင်းသိန်း၊အသက်(၃၇)နှစ်သည် အရိုး(၉)လက်မခန့်၊ အသွား(၁)ပေခန့်၊ ဗျက်(၂)လက်မခန့်ရှိသော ဓါးမအားကိုင်ဆောင်လျှက် နေအိမ်တောင်ဘက်သို့ပြေးသွားပြီးနောက် ခဏအကြာလမ်းဘက်မှ “ မလုပ်ပါနဲ့ မလုပ်ပါနဲ့ “ ဟုအော်သံကြားပြီးနောက် မင်းသိန်း မှ မလှနှင်းဆီထံသို့ရောက်ရှိလာကာ “အစ်မ မကောင်းတဲ့အကောင် ငါတော့ တစ်ခါတည်းရှင်းခဲ့ပြီ” ဟုပြော၍ မလှနှင်းဆီသည်နေအိမ်တောင်ဘက်လမ်းပေါ်ထွက်ကြည့်ရာ  ဦးခင်ငြိမ်းတွင် ဦးခေါင်း နောက် စေ့တွင် အလျား(၄)လက်မခန့်ပြတ်ရှဒဏ်ရာ(၁)ချက်ဖြင့်အခင်းဖြစ်နေရာတွင်သေဆုံးနေ သည်ကိုတွေ့ရှိခဲ့ ခြင်းဖြစ်ကြောင်း တရားလို၏တိုင်ကြားချက်အရသိရသည်။ဖြစ်စဉ်နှင့်ပက်သက်၍ ခင်ပွန်းဖြစ်သူ ဦးခင်ငြိမ်းအား ဓါးဖြင့်ခုတ်သတ်သူ မောင်ဖြစ်သူ မင်းသိန်းအား အရေးယူပေးရန် ဇွန်(၁၀)ရက်နေ့တွင် မလှနှင်းဆီ မှ တရားလိုပြု တိုင်ကြားခဲ့သောကြောင့် နတ်မောက်မြို့နယ်၊ မြို့မရဲစခန်းမှ (ပ)၃၄၇/၂၀၁၆၊ ပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်ထားကြောင်းသိရသည်
                                                 kzy

တီဗွီအင်တာနာတိုင်ထောင်ရာမှ လူ(၂)ဦးဓါတ်လိုက် (၁)ဦးသေဆုံး


              ရေစကြိုမြို့၊ အမှတ်(၃)ရပ်ကွက်တွင် တီဗွီအင်တာနာတိုင်ထောင်ရာမှ လူ(၂)နှစ်ဓါတ်လိုက်ကာ (၁)ဦးသေဆုံးခဲ့မှု ဇွန်(၉)ရက်နေ့က ဖြစ်ပွားခဲ့ကြောင်းသိရသည်။

 ဖြစ်စဉ်မှာ ဇွန်(၉)ရက်နေ့ နေ့လည်(၃)နာရီခွဲအချိန်က လူတစ်ဦး ဓါတ်လိုက်သေဆုံးပြီး အခြားသူတစ်ဦး ဒဏ်ရာရရှိကြောင်းသတင်းအရ ရေစကြိုမြို့မရဲစခန်းမှူး ဒုရဲမှူးစည်သူအောင် သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။ ရေစကြိုမြို၊ အမှတ်(၃)ရပ်ကွက်၊ပင်လုံလမ်းရှိ  ” ဆန်းသစ် ” ကုန်မာဆိုင်၏ အိမ်ရှေ့ဝရန်တာပေါ်တွင် တီဗွီအင်တာနာတိုင်တပ်ဆင်ရန် အခကြေးငွေဖြင့်လိုက်လံတပ်ဆင်ပေးသူ ဦးဌေးလှိုင် နှင့်၏တူဖြစ်သူ သိန်းထိုက်ကျော်(ခ)ဖိုးချွန်၊အသက်(၁၈)နှစ်၊အမှတ်(၂)ရပ်ကွက်၊ရေစကြိုမြို့နေသူတို့(၂)ဦးသည် အင်တာနာတိုင်တပ်ဆင်ရန်အတွက် အသုံးပြုမည့် အရှည်(၂၀)ပေ၊လုံးပတ်(၁)လက်မခန့်ရှိ သံတိုင်အား ဦးဌေးလှိုင်မှ ကိုင်ဆောင်အသုံးပြုရာ လမ်းမဘက်ရှိ ဗို့အား 11KV လျှပ်စစ်ဓါတ်အားလိုင်းကြိုးနှင့်ထိမိပြီး ဓါတ်လိုက်နေစဉ် သိန်းထိုက်ကျော်(ခ)ဖိုးချွန်မှ ဝင်ဆွဲရာဓါတ်လိုက်ခဲ့သဖြင့် ဦးဌေးလှိုင်တွင် ဝဲလက်ဖဝါး၊လက်ဖျံ၊ လက်မောင်းနှင့် နောက်ကျောတို့တွင်အရေပြားစုတ်ပြဲလန်ကာညိုမဲဒဏ်ရာများ နှင့် သိန်းထိုက်ကျော်(ခ)ဖိုးချွန်တွင် ဦးခေါင်း နောက်စေ့ညိုမဲဖူးရောင်၊ဝဲလည်ပင်း/လည်ဂုတ်/လက်ပြင်နှင့် နောက်ကျောတို့တွင် မီးလောင်အရေပြားစုတ်ပြဲညိုမဲ၊ ဝဲပေါင်အတွင်းဘက်စုတ်ပြဲ၊ဝဲလက်ဖဝါးအရေပြားအရေပြား စုတ်ပြဲညိုမဲဒဏ်ရာတို့ရရှိခဲ့သဖြင့် အဆိုပါနေ့ နေ့လည် (၂)နာရီ(၄၅)မိနစ်အချိန် ဆေးရုံသို့ပို့ဆောင်ဆေးကုသမှုခံယူနေစဉ် သိန်းထိုက်ကျော်(ခ)ဖိုးချွန်မှာ နေ့လည်(၃) နာရီအချိန်တွင်ရရှိသောဒဏ်ရာဖြင့်သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း အမှုစစ်၏စစ်ဆေးချက်အရသိရသည်။ ယင်းအမျိုးသားသေဆုံးမှုနှင့်ပက်သက်၍ ဒုရဲမှူးစည်သူအောင်မှ တရားလိုပြုတိုင်ကြားခဲ့သောကြောင့် ရေစကြိုမြို့နယ်၊ မြို့မရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၇/၂၀၁၆ ဖြင့်အမှုဖွင့်ထားကြောင်းသိရသည်။
နေဇော်

စက်ချုပ်သင်တန်းအမှတ်စဉ် (၂/၂၀၁၆)သင်းတန်း ဆင်းပွဲ


ထီးလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှကြီးမှူး၍ ကျင်းပပြုလုပ်သည့်အသက် မွေးဝမ်းကြောင်းအထောက်အကူပြု စက်ချုပ် သင်
တန်းအမှတ်စဉ်(၂/၂၀၁၆) သင်တန်းဆင်းပွဲ အ ခမ်းအနားကို အောင်တောင်ကျေးရွာ မူလတန်းကျောင်းတွင် (၆.၆.၂၀၁၆)ရက်နေ့၌ ကျင်းပပြုလုပ်ရာမြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှဒုတိယဦးစီးမှူးဦးစိုးမြင့်အောင်၊မြို့နယ်ရဲတပ်ဖွဲ့ မှူးဦးစိုးဝင်းနှင့် အဖွဲ့င်များ၊မြို့နယ်ဖွံ့ဖြိုးတိုး တက်ရေးအထောက်အကူပြုဥက္ကဌနှင့်အဖွဲ့ဝင်များ၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှဝန်ထမ်း များ၊အောင်းကျေးရွာသူ/သားများစုစုပေါင်း (၁၅၀)ဦးတက်ရောက်ခဲ့ပါသည်။
     အခမ်းအနားကိုနံနက်(၈း၃၀)နာရီအချိန်စတင်ကျင်းပခဲ့ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦး
စီးဌာနဒုတိယဦးစီးမှူးဦးစိုးမြင့်အောင်၊မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်ကူပြုဥက္ကဌဦးမောင်ဝင်း
၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဒုတိယဦးစီးမှူးဒေါ်သီရိဇင်မင်း တို့ကသင်တန်းဆင်းမိန့်
ခွန်း/အမှာစကား/သင်တန်းနှင့်ပတ်သက်သည်
်များကိုရှင်းလင်းပြောကြားပြီးမြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီဥက္ကဌ ဦးမောင်ဝင်းမှတတိယရရှိသူအောင်းမြောက်ကျေးရွာမချိုချိုလွင်အားလည်းကောင်း၊ဒုတိယဆုရရှိသူ တင်းချောင်းကျေးရွာမှမခင်ဆွေသန်းကိုစည်ပင်အမှူဆောင်အရာရှိဦးဗွေကီးအောင်မှလည်းကောင်း၊  ပထမရရှိသူအောင်တောင်းကျေးရွာကမနှင်းနှင်းဦး ကိုမြို့နယ်ရဲတပ်ဖွဲ့မှူးဦးစိုးဝင်းမှလည်းကောင်း အသီးသီးဆုချီးမြှင့်ခဲ့ပြီး၊ သင်တန်းဆင်းအောင်
လက်မှတ်ကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတို
ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကိုလတ်မှ
သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးမှ လက်ခံရယူပြီး၊ ကျေးရွာသူ/ကျေးရွာသားများ
ကိုယ်စား ကျေးရွာသားတစ်ဦးကကျေးဇူးတင်
စကားပြန်လည်ပြောကြားခဲ့ပြီး၊ သင်တန်းဆင်းပွဲ ကို နံနက်(၉း၃၀)နာရီအချိန်တွင်ပြီးစီးခဲ့ပြီး သင်တန်းဆင်းသင်တန်းသူ ၂၀ ဦးရှိကြောင်းသတင်းရရှိပါသည်။

ထီးလင်းမြို့နယ်ကျေးလက်ဖွံ့ဖြိုးရေးရုံး မှ သတင်းပေးပို့ပါသည်။ အယ်ဒီတာ

ချင်းတိုင်းရင်းသား စာပေသင်ကြားရေး စာပေနှင့်ယဉ်ကျေးမှုသင်တန်း ဖွင့်လှစ်




စေတုတ္တရာ     ဇွန်     ၁၁
          တိုင်းရင်းသားရေးရာဝန်ကြီးဌာန ချင်းတိုင်းရင်းသားစာပေသင်ကြားရေး စာပေနှင့်ယဉ်ကျေး မှု သင်တန်းဖွင့်ပွဲကို စေတုတ္တရာမြို့ မိုးကုတ်ရိပ်သာ ခေမာဆောင်တွင် ယမန်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
          သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ မကွေးတိုင်းဒေသကြီး ချင်းတိုင်းရင်းသားရေးရာ ၀န်ကြီးဦးလှထွန်းက ရှင်းလင်းပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်ကျော်ဦးမှ အမှာစကား ပြောကြားခြင်း၊ချင်းတိုင်းရင်းသားစာပေသင်ကြားပို့ချသွားမည့် သင်တန်းဆရာ ဦးလှမောင်က ပူးချင်း(ချင်းပုံ)တို့၏ စာပေပြုစုသင်ကြားရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်းနှင့် တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုဦးက နိဂုံးချုပ်အမှာစကားပြောကြားခြင်းများ ဆောင်ရွက် ခဲ့သည်။
          အဆိုပါသင်တန်းကို ၂၀၁၅-ခုနှစ်တွင် ချမှတ်ပြဌာန်းသော တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကို ကာကွယ်သည့် ဥပဒေအခန်း(၃)အရ မိမိတို့၏စာပေဖြင့် ဘာသာစကား အခေါ် အဝေါနှင့် ယဉ်ကျေးမှုထိန်းသိမ်းရန်၊ အခြားသောတိုင်းရင်းသားများနှင့် တန်းတူညီမျှမှု ရှိစေရန်၊ လူမျိုးတစ်မျိုးလုံးမိမိတို့ စာပေအား သင်ယူတတ်မြောက်နိုင်ရန်၊မတူကွဲပြားသော စကားအသုံး အနှုန်းနှင့်လေယူလေသိမ်းများ ထပ်တူဖြစ်စေပြီး စည်းလုံးညီညွတ်မှုရှိစေရန်၊ ကျောင်းသင်ခန်းစာ ဘာသာရပ်တစ်ခုအနေနှင့် သင်ကြားခွင့်ဆိုသည်နှင့်အမျှ သင်ကြားပို့ချပေးနိုင်သော ဆရာ၊ ဆရာမ များ အဆင်သင့်ရှိစေရန်၊ဥ(ပ်)ပူးချင်းကျေးရွာတိုင်းရှိ ကလေးသူငယ်များအား ဆင့်ပွား ပေးနိုင်ရန်၊ လွယ်ရာမှခက်ရာသို့ သွားသော ပညာရေးစနစ်နှင့်အညီ မိမိတို့ဘာသာစကားစာပေကို လွယ်ကူစွာ သင်ကြားတတ်မြောက်ပြီး အခြားသောဘာသာစကားစာပေများကို စိတ်ဝင်တစား လွယ်ကူစွာ ကူးပြောင်း သင်ယူလိုပြီး ထူးချွန်သောကလေးများဖြစ်လာစေရန်နှင့် နိုင်ငံတော်အစိုးရ၏ ဂုဏ်ပုဒ် ကို ဖော်ဆောင်ရန် စသည့်ရည်ရွယ်ချက်များဖြင့်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး၊ ချင်းတိုင်းရင်းသား စာပေ သင်ကြားရေး သင်တန်းသို့ စေတုတ္တရာမြို့နယ် အတွင်းရှိ ကျေးရွာများမှ ချင်းတိုင်းရင်း သား/တိုင်းရင်းသူ (၄၈)ဦး တက်ရောက်ကာ (၁၀-၆-၂၀၁၆) ရက်နေ့မှ(၂၀-၆-၂၀၁၆)ရက်နေ့ထိ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)

လူထုဗဟိုပြု စီမံကိန်းလေ့လာရေးအဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးပွဲကျင်းပ




စေတုတ္တရာ     ဇွန်      ၁၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထုဗဟိုပြု စီမံကိန်းမှ ကျင်းပပြုလုပ်သော မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင် အထည်ဖော်ရေးကော်မတီနှင့်တပ်ကုန်း၊လယ်ဝေးမြို့နယ်များမှ လေ့လာရေးအဖွဲ့ဝင်များ တွေ့ဆုံ ဆွေးနွေးပွဲကို ယမန်နေ့ နံနက်  ၁၀ နာရီက စေတုတ္တရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
တွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ကျေးလက်ဦးစီးမှူး ဦးဆယ်မောင်မှ တွေ့ဆုံပွဲ၏ ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားသည်။ ထို့နောက် လူထုဗဟိုပြု စီမံကိန်းအဖွဲ့ခေါင်းဆောင် ဦးမောင်ပိုက စီမံကိန်း ဒုတိယနှစ်အတွက် စီမံကိန်းလုပ်ငန်းခွဲများဆိုင်ရာနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံချုပ်)လူထုဗဟိုပြု စီမံကိန်းမှ ဒုတိယဦးစီးမှူး ဒေါ်အိစန္ဒာမှ လေ့လာရေး ခရီးစဉ်လာရောက်သည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီနှင့် တပ်ကုန်း၊လယ်ဝေးမြို့နယ်များမှ လာရောက်ကြသည့် လေ့လာရေးအဖွဲ့များလေ့လာရေးတွင် တွေ့ရှိသည့် လုပ်ငန်းအားသာချက်၊အားနည်းချက်များအားအပြန်အလှန် ဆွေးနွေးကြပြီး လယ်ဝေး မြို့နယ် လေ့လာရေးကော်မတီဝင် ဒေါ်နွယ်နွယ်ဝင်းမှ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်းနှင့် အဆိုပါ လေ့လာရေးခရီးစဉ်သို့ တပ်ကုန်းမြို့နယ်နှင့်လယ်ဝေးမြို့နယ်မှလေ့လာရေးအဖွဲ့ ကော်မတီ ၀င်(၄၂)ဦးတို့က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊လူထုဗဟိုပြု စီမံကိန်းလုပ်ငန်းများ အား လာရောက်လေ့လာခဲ့ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)