Saturday, May 14, 2016

"NLD အမတ်များ ဆက်ဆံရေး မောက်မာမူ တွေရှိနေ"

"NLD အမတ်များ ဆက်ဆံရေး မောက်မာမူ
တွေရှိနေ"
★ ★ ★ ★ ★
အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ် စားလှယ်အချို့ လူမှုဆက်ဆံရေး ဆောင်ရွက်ရာတွင် ရိုင်းစိုင်းပြီး မောက်မာကြောင်းတိုင်ကြားလာ သည့် တိုင်စာ ၁၇ စောင်ရှိပြီဖြစ် ကြောင်း ယင်းပါတီ၏ တိုင်ကြား စာဌာနမှ တာဝန်ခံ ဒေါက်တာ မျိုးညွန့်ထံမှ သတင်းရရှိသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ တိုင်ကြားစာဌာနကို ဖေ ဖော်ဝါရီ ၂၈ ရက်ကစတင်ဖွဲ့ စည်းခဲ့ပြီးနောက် မေလဆန်း အထိ တိုင်စာပေါင်း ၁၇ စောင် ရရှိထားကာ ယင်းတိုင်စာများကို စတင်ကိုင်တွယ်ဆောင်ရွက်နေ ပြီဟု ဒေါက်တာမျိုးညွန့်က ဆို သည်။‘‘တိုင်စာ ၁၇ စောင်မှာဆိုရင် အယောက် ၂၀ လောက်အတိုင်ခံ ထားရတယ်။ သို့သော် ၂၀ ဦးစ လုံး အတိုင်ခံထားရတယ်လို့တော့ ယူဆလို့မရဘူး။ တချို့က ပစ်စာ လိုမျိုးတွေရှိတော့ သက်သေအ ထောက်အထားခိုင်လုံမှုရှိ၊မရှိကို စိစစ်နေပါတယ်’’ဟု ဒေါက်တာ မျိုးညွန့်ကပြောသည်။
တိုင်စာများတွင် အဓိက ပါဝင်သည့် အကြောင်းအရာများသည် လွှတ်တော်ကိုယ်စားလှယ် လောင်းဖြစ်စဉ်က လုပ်ဆောင် ချက်အချို့ကို ဖော်ထုတ်တိုင်တန်း ခြင်း၊ လွှတ်တော်ကိုယ်စားလှယ် အချို့၏ လူမှုဆက်ဆံရေးရိုင်းစိုင်း မှုနှင့် မောက်မာမှုများကိုတိုင်တန်း ခြင်း၊ လွှတ်တော်ကိုယ်စားလှယ် နှင့် ပါတီ၏ မြို့နယ်အလုပ်အမှု ဆောင်အဖွဲ့များအကြား ပူးပေါင်း ဆောင်ရွက်မှု အားနည်းခြင်းတို့ ကြောင့်ဖြစ်နေကြောင်း ဒေါက် တာမျိုးညွန့်ထံမှ သိရသည်။
တိုင်တန်းသူများထံ သက် သေအထောက်အထား ခိုင်လုံမှု ရှိ၊မရှိပါတီ၏ တိုင်ကြားစာလက်ခံ ဌာနက ဆက်သွယ်ကာ စိစစ်မှု များပြုလုပ်ပြီးနောက် သက်သေ အထောက်အထား ခိုင်လုံသည့် ဖြစ်ရပ်မှန်ဖြစ်ပါက တိုင်ကြားခံရ သူကို အရေးယူနိုင်ရန် ပါတီဗဟို အလုပ်အမှုဆောင်အဖွဲ့သို့ တင် ပြမည်ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။
တိုင်စာများအပေါ် စိစစ်ကာ သက်သေအထောက်အထား ခိုင် လုံသူများကို အရေးယူနိုင်ရန် စ တင်ဆောင်ရွက်နေပြီး တိုင်ကြား ခံရသူများ၏ အမည်များကိုမူ ဒေါက်တာမျိုးညွန့်က ထုတ်ဖော် ပြောကြားခဲ့ခြင်းမရှိပေ။
ပါတီမှလွှတ်တော်ကိုယ်စား လှယ်များသည် ပြည်သူများနှင့် ဆက်ဆံဆောင်ရွက်ရာတွင် အ ဆင်မပြေမှုများရှိပါက တိုင်ကြား နိုင်ရန် ပါတီ၏ တိုင်ကြားစာဌာန ကိုဖွင့်လှစ်ထားပြီး ယင်းဌာနကို ပါတီအရန် ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင် ဒေါက်တာမျိုး ညွန့်အား တာဝန်ပေးထားကြောင်း ဒီချုပ်ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က သတင်းထောက်များအား ပြောကြားသည်။
‘‘လွှတ်တော်ကိုယ်စားလှယ် တွေနဲ့ပတ်သက်လို့တိုင်ကြားတာ တွေ၊ မကျေနပ်တာတွေကို အ ကုန်လုံးစိစစ်ပြီးတော့ ပါတီစည်း ကမ်းဆို ပါတီစည်းကမ်းနဲ့ လုပ် မယ်။ ဥပဒေကြောင်းဆို ဥပဒေ ကြောင်းနဲ့ လုပ်မယ်။ ရဲဘော်ရဲ ဘက်စိတ်နဲ့ ဖျောင်းဖျပြင်ဆင်လို့ ရရင်ပြင်ဆင်ပေးမယ်။ ပြင်ဆင် လို့မရဘူးဆိုမှ အရေးယူတဲ့အဆင့် ကို လုပ်မယ်။ ယတိပြတ်တော့ မလုပ်ပါဘူး’’ဟု ဦးဝင်းထိန်ကပြီး ခဲ့သည့် မတ်လဆန်းက ပြောကြား သည်။
ထို့အပြင် ပါတီ၏ လွှတ် တော်ကိုယ်စားလှယ်များကို တိုင် ကြားရာတွင် သက်သေအထောက် အထားအပြည့်အစုံနှင့်တိုင်ကြား သူများအား ပြန်လည် ဆက်သွယ် နိုင်ရန် နေရပ်လိပ်စာနှင့် ဖုန်းနံ ပါတ်များအား တိုင်စာတွင် ထည့် သွင်းပေးရေးလိုအပ်ပြီး ရန်ကုန် မြို့၊ အနောက်ရွှေဂုံတိုင်လမ်းရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဌာနချုပ်ရုံးသို့ လိပ်မူကာ တိုင်ကြားနိုင်ကြောင်း ပါတီ၏ တိုင်ကြားစာဌာနမှသိရသည်။
ဒီချုပ်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရအဖွဲ့ဝင်အဖြစ် တာဝန်ယူခြင်းမပြုမီအချိန်တွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့ရှိ ၎င်း၏ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များကို ခေါ်ယူတွေ့ဆုံကာ ပြည်သူများစိတ်ပျက်အောင် ဆောင်ရွက်ခြင်း မပြုကြရန် မှာကြားထားသည်။
မူရင်း ။ ။ Nyi Nyar
Photo : ပေါက်မြို့နယ်လူထုစုရုံးချီတက်ပွဲ

0 comments:

Post a Comment