Thursday, May 12, 2016

သူငယ်တန်း(KG)သင်ဆရာ/ဆရာမများလေ့ကျင့်သင်တန်းပေးရေး မြို့နယ်အဆင့် နည်းပြသင်တန်းဆင်းပွဲကျင်းပ




ငဖဲမေ     ၁၀
မကွေးတိုင်းဒေသကြီးမင်းဘူးခရိုင် ငဖဲမြို့နယ် အထကဗိုလ်ရွှဲခန်းမတွင် ၂၀၁၆-၂၀၁၇ ပညာသင်နှစ် သူငယ်တန်း(KG)သင် ဆရာ/ဆရာမများလေ့ကျင့်သင်တန်းပေးရေး မြို့နယ်အဆင့် နည်းပြသင်တန်းဆင်းပွဲအခမ်းအနားကိုမေ၁၀ရက်မွန်းလွှဲ(၃)နာရီကအဆိုပါ ခန်းမကျင်းပခဲ့သည်။

အခန်းအနားတွင် သင်တန်းသားဆရာ/ဆရာမများက မြတ်ဆရာသီချင်းဖြင့် သီဆိုဖျော်ဖြေပြီးဒု-မြို့နယ်ပညာရေးမှူး ဦးကျော်စိန်က KG(သူငယ်တန်း)သည် မူလတန်းအဆင့် ပညာရေး၏ အခြေခံအုတ်မြစ်ဖြစ်ရုံသာမက မြန်မာနိုင်ငံပညာရေး၏ အခြေခံအတန်းဖြစ်သောကြောင့်နိုင်ငံတော်၏ ပညာရေးဖွံ့ဖြိုးတိုးတက်ကောင်းမွန်စေရန် မိမိတို့တာဝန်ကျရာကျောင်းများတွင် စနစ်တကျသင်ကြားပေးကြရန် သင်တန်းဆင်းအမှာစကားပြောကြားပြီးသင်တန်းကြီးကြပ်သူမင်းဘူးခရိုင် ပညာရေးရုံးမှ ဦးစီးအရာရှိဒေါ်နွယ်နွယ်ထွန်းကသူငယ်တန်း(KG)သင်ရိုးညွှန်းတမ်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍  ဒု-မြို့နယ်ပညာရေးမှူး ဦးကျော်စိန်ကသင်တန်းတက်ရောက်သူဆရာ/ဆရာမ(၁၅၈)ဦးအားသင်တန်းဆင်းလက်မှတ်များပေးအပ်ချီးမြှင့်ပြီးသင်တန်းလှုပ်ရှားဆောင်ရွက်မှုများအားဆရာ/ဆရာမများကကပြဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်းနှင့် အဆိုပါသူငယ်တန်း(KG)သင်တန်းသို့ ငဖဲမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းများမှ ဆရာ/ဆရာမများ (၁၅၈)ဦးတက်ရောက်ခဲ့ပြီးသင်တန်းကာလမှာဧပြီလ (၂၆)ရက်မှ မေလ (၁၀)ရက်နေ့ထိ (၁၅)ရက်ကြာစာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်းသိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment