မင်းဘူး မေ
၁၇
မူကြိုကျောင်းနေအရွယ်၊(၃)နှစ်မှ(၅)နှစ်ရှိ
ကလေးငယ်များ ကာယ၊ဥာဏ ဖွံ့ဖြိုးတိုးတက်ပြီး ကျောင်းနေ ပျော်သောကလေးငယ်များဖြစ်လာ၍ မူလတန်းသင်ပညာရေးတွင်
အထောက်အကူရှိစေရန် ရည်ရွယ်ကာ မင်းဘူး(စကု)မြို့နယ် ကျွဲတဲကျေးရွာ အလယ်တန်းကျောင်းခွဲ၌
မေလ(၁၇)ရက်နေ့ နံနက်(၈)နာရီက KG ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲကို ကျင်းပခဲ့သည်။
အခမ်းအနားတွင် KG ကျောင်းဆောင်သစ် ဖွင့်ပွဲအထိမ်းအမှတ်ဖဲကြိုးအား မကွေးတိုင်းဒေသကြီး
ပညာရေးမှူး ဦးကျော်အေး၊ Save the Children မှ ပညာရေးစီမံချက်တာဝန်ခံအရာရှိ ဦးသန်းထွဋ်
နှင့် မင်းဘူး ခရိုင်ပညာရေးမှူး ဒေါ်ခိုင်မာလာတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲ
အခမ်းအနားအား အဆိုပါကျောင်းဆောင်သစ်အတွင်း၌ ဆက်လက်ကျင်းပခဲ့သည်။ အခမ်းအနားတွင် ရှေးဦးစွာ
တိုင်းဒေသကြီးပညာရေးမှူး ဦးကျော်အေးမှ အဖွင့်အမှာစကားပြောကြားပြီး၊ Save the
Children မှ ပညာရေးစီမံချက်တာဝန်ခံအရာရှိ ဦးသန်းထွဋ်က Save the Children အကြောင်းကို
ရှင်းလင်းပြောကြားခဲ့ သည်။ ထို့နောက် မင်းဘူးမြို့နယ်မှ မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်
ဦးနေမျိုးကျော်မှ ပညာရေး နှင့်ပတ်သက်၍ ဆွေးနွေးတင်ပြပြီး ကျွဲတဲကျေးရွာအခြေခံပညာအလယ်တန်းကျောင်းခွဲ
ကျောင်းအုပ်ဆရာကြီး ဦးမောင်မောင်ဝေမှ ကျောင်းဆောင်သစ်ဆောက်လုပ်ခြင်းနှင့်စပ်လျဉ်း၍
ရှင်းလင်းတင်ပြခဲ့သည်။ဆက်လက်၍ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝေဖြိုးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး
Save the Children မှ ပညာရေးစီမံချက်မှ စီမံချက်လက်ထောက် ဒေါ်ဇင်မာလွင်မှ ကျောင်းဆောင်သစ်လွှဲပြောင်းခြင်းနှင့်
သက်ဆိုင်သော စာရွက်စာတမ်းများကို မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးထံ လွှဲပြောင်းပေးအပ်ခဲ့ကာ
အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အဆိုပါ ကျွဲတဲကျေးရွာ KG ကျောင်းဆောင်သစ်အား Save the Children
အဖွဲ့မှ လှူဒါန်းထောက်ပံ့ငွေ ကျပ်(၉၅)သိန်းနှင့် ကျေးရွာနေပြည်သူများထည့်ဝင်လှူဒါန်းငွေကျပ်
(၅၂)သိန်း၊စုစုပေါင်း ကျပ် (၁၄၇)သိန်းဖြင့် အလျား (၄၀)ပေ၊အနံ(၃၀)ပေ၊ အမြင့် (၁၂)ပေ
ရှိ Steel Structure တစ်ထပ်အဆောက်အဦးဖြစ်ပြီး အခမ်း အနားသို့ ခရိုင်/မြို့နယ် ပညာရေးဝန်ထမ်းများ၊
ဆရာ/ဆရာမများ၊ကျောင်းသားမိဘများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်းသိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)
0 comments:
Post a Comment