Thursday, May 12, 2016

KG (သူငယ်တန်း)သင် ဆရာ/ဆရာမများ လေ့ကျင့်ပေးရေးသင်တန်းဆင်းပွဲပြုလုပ်




မြိုင်-မေ-၁၀

                   ပညာရေးဝန်ကြီးဌာန၊   မြိုင်မြို့နယ်၊  အခြေခံပညာဦးစီးဌာနမှ  ကြီးမှူးကျင်းပသော KG(သူငယ်တန်း) ဆရာ/ဆရာမများ  လေ့ကျင့်သင်တန်းပေးရေး မြို့နယ်အဆင့်၊ ဆင့်ပွားသင်တန်း
ဆင်းပွဲကို  မေ(၁၀)ရက်နေ့ ညနေ(၃)နာရီက နံ့သာမြိုင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
                   အဆိုပါ သင်တန်းဆင်းပွဲတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး  ဦးမျိုးမင်းသိန်းနှင့် မြို့နယ်
ပညာရေးမှူး ဦးမောင်မောင်တာတို့က သင်တန်းဆင်း ဆရာ/ဆရာမများအား သင်တန်းဆင်းအမှာစကား
ပြေကြားပြီး သင်တန်းမှူး ဦးမြင့်လွင်က သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ
ပေးအပ်သည်။
                   ထို့နောက် သင်တန်းသား/သင်တန်းသူ ဆရာ/ဆရာမများကသင်တန်းစကားသရုပ်ဖော်
ပြသခြင်းနှင့် တေးကဗျာရွတ်ဆိုသရုပ်ဖော်ပြသကြပြီး KG (သူငယ်တန်း)သင် သီချင်းဖြင့် သီဆိုဖျော်ဖြေ
ကြသည်။
                   တက်ရောက်ကြသူများမှာ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းနည်းပြဆရာ/ဆရာမများ၊ သင်တန်းသား/သင်တန်းသူဆရာ/ဆရာမများ စုစုပေါင်း (၂၅၁)ဦး
တက်ရောက်ကြပြီး သင်တန်းမှာ ဧပြီ(၂၅)မှ မေ(၁၀)ရက်ထိ ဖွင့်လှစ်သင်ကြားပို့ချခဲ့ကြောင်းသိရသည်။


(အောင်ကျော်မြင့်)
      မြို့နယ်သတင်းထောက်
        မြိုင်မြို့

0 comments:

Post a Comment