မင်းဘူ မေ ၁၀
မင်းဘူး(စကု)မြို့နယ်၊
သူငယ်တန်း(KG)သင် ဆရာ/ဆရာမများလေ့ကျင့်သင်တန်းပေးရေး မြို့နယ်အဆင့် နည်းပြသင်တန်းဆင်းပွဲအခမ်းအနားကို
မေလ(၁၀)ရက်နေ့ မွန်းလွှဲ(၃)နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ခန်းမတွင်
ကျင်းပခဲ့သည်။
အခန်းအနားတွင်
မင်းဘူးခရိုင် ပညာရေးမှူး ဒေါ်ခိုင်မာလာမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးဒေါ်အေးအေးမှ
ဆုံးမှသြ၀ါဒစကားပြောကြားခဲ့သည်။ထို့နောက် မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်
ဦးနေမျိုးကျော်က သင်တန်းသားများကိုယ်စား ဆရာတစ်ဦးထံ သူငယ်တန်း(KG) သင်းတန်းဆင်းလက်မှတ်များ ချီးမြှင့်ပေးအပ်ခဲ့ပြီး သင်တန်းသားဆရာ/
ဆရာမများမှ မြတ်ဆရာသီချင်း၊ ဗုံဒြာဒြာအကနှင့် ရောင်ပေစူးယိမ်းတို့ဖြင့် ဖျော်ဖြေကာ
အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။
အဆိုပါသူငယ်တန်း(KG)သင်တန်းသို့
မင်းဘူးမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းများမှ ဆရာ/ဆရာမများ (၃၂၀)ဦး တက်ရောက်ခဲ့ပြီး
သင်တန်းကာလမှာ ဧပြဲီးလ (၂၆)ရက်မှ မေလ (၁၀)ရက်နေ့ထိ (၁၅)ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း
သိရှိရသည်။
ဖိုးပြည့်
0 comments:
Post a Comment