စေတုတ္တရာ
မေ ၁၂
မင်းဘူးခရိုင်၊စေတုတ္တရာမြို့နယ်တွင်
မိခင်မှ သန္ဓေသားသို့ HIV ပိုးကူးစက်မှုကာကွယ်တားဆီးရေး မြို့နယ်အဆင့် အသိပေးရှင်းလင်းပွဲကို
မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် မေလ (၁၁)ရက်နေ့ နံနက်(၉)နာရီက ကျင်းပခဲ့သည်။
အခမ်းအနားတွင်
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး
ဒေါက်တာ ချိုချိုဝင်းမှ စေတုတ္တရာမြို့နယ်တွင် ဆောင်ရွက်လျက် ရှိသော ကျန်းမာရေးလုပ်ငန်းစဉ်များအကြောင်းရှင်းလင်းပြောကြားခဲ့သည်၊မကွေးတိုင်းဒေသကြီး
ပြည်သူ့ဆေးရုံကြီးမှ ဒေါက်တာ ဒေါ်မို့မို့စိမ့်က မိခင်မှ သန္ဓေသားသို့ HIV ပို့ကူးစက်မှုကာကွယ်
တားဆီးရေးစီမံချက်အကြောင်း အကျယ်တ၀င့်ရှင်းလင်းပြောကြားခဲ့ပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။
အဆိုပါအသိပေးရှင်းလင်းပွဲတွင်
မေလ(၉)ရက်နေ့မှ(၁၁)ရက်နေ့အထိ မြို့နယ်အတွင်းရှိ အထက်တန်း သူနာပြု၊မြို့နယ်သူနာပြုဆရာမများ၊
သားဖွားဆရာမများ၊အမျိုးသမီး ကျန်းမာရေးဆရာမများ၊ကျန်းမာရေးမှူး များ၊စုစုပေါင်း(၅၆)ဦးအား
(၃)ရက်ကြားသင်တန်းပို့ချပေးခဲ့ပြီး ပြည်သူများအား အသိပညာပေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရသည်။
သူရထွန်း(ပွင့်ဖြူ)
0 comments:
Post a Comment