မင်းဘူး မေ
၂၅
FNI
အာမခံကုမ္ပဏီတွင် အထူးခရီးသွားအာမခံထားရှိသည့် ရိုးမမန္တလာ မန္တလေး-စစ်တွေခရီးစဉ်၊
မော်တော်ယာဉ်အမှတ်၊ 2D/5411 ခရီးသည်တင်ယာဉ်သည် မေလ(၂၀)ရက်နေ့ နံနက်ပိုင်းတွင် ငဖဲမြို့နယ်
ဂုတ်ကြီး ကျေးရွာအနီး၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ထိခိုက်ဒဏ်ရာရရှိ ခရီးသည်များနှင့်
သေဆုံးသူ၏ကျန်ရစ်သူမိသားစု များထံ FNI အာမခံကုမ္ပဏီ
မှ မေလ(၂၅)ရက်နေ့၊ နံနက်ပိုင်းက မင်းဘူးမြို့ အထွေထွေရောဂါကုဆေးရုံကြီး ဆေးရုံအုပ်ကြီး
ရုံးခန်းမတွင် အာမခံလျော်ကြေးပေးအပ်ပွဲကျင်းပခဲ့သည်။
အဆိုပါယာဉ်တိမ်းမှောက်မှု၌ ဒဏ်ရာရရှိ ခရီးသည်လူနာများအား
ပဒါန်းဆေးရုံနှင့် မင်းဘူးဆေးရုံများသို့ ချက်ချင်းသွားရောက် ဆေးကုသမှုခံယူရန်ပို့ဆောင်ပေးခဲ့ရာ
သေဆုံးသူ ဦးထွန်းဝင်းအတွက် ကျန်ရစ်သူမိသားစုများထံ အာမခံလျော်ကြေးကျပ် သိန်း(၃၀)ကျပ်နှင့်
ဒဏ်ရာရရှိသူ (၂၉)ဦးအနက်(၈)ဦးအတွက် လျော်ကြေးငွေစုစုပေါင်း ကျပ်(၁၈)သိန်း(၃)သောင်းကို
ကာယကံရှင်များသို့ နေချင်းလက်ရောက်ပေးအပ်ခဲ့သည်။ မေလ(၂၃)ရက်နေ့တွင် မင်းဘူးဆေးရုံ၌
တက်ရောက်ကုသမှုခံယူသည့်ဒဏ်ရာရရှိသူ (၆)ဦးအတွက် လျော်ကြေးငွေကျပ်(၉)သိန်းကို လည်းကောင်း၊
မေလ(၂၄)ရက်နေ့တွင် ဒဏ်ရာရရှိသူ(၄)ဦးအတွက် လျော်ကြေးငွေကျပ်(၁၇)သိန်း(၁)သောင်းကိုလည်း
ကောင်း ထပ်မံပေးအပ်ခဲ့ပြီး၊ မေလ(၂၅)ရက်နေ့တွင် အတွင်းလူနာ(၄)ဦးအတွက် လျော်ကြေးငွေ
စုစုပေါင်းကျပ် (၅၆)သိန်း (၇)သောင်းကျပ်ကို မင်းဘူးအထွေထွေရောဂါကုဆေးရုံအုပ်ကြီး ဒေါက်တာ
မြတ်စိုး ရှေ့မှောက်တွင် ပေးအပ်ခဲ့သည်။ FNI
ကုမ္ပဏီ မှ အဆိုပါ ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုအတွက် လျော်ကြေးငွေစုစုပေါင်းကျပ်
(၁၃၁)သိန်း(၁)သောင်းကျပ်ပေးအပ်ပြီးဖြစ်သည်။
ဆက်လက်၍ မကွေးဆေးရုံကြီးနှင့် မန္တလေးဆေးရုံကြီးသို့
ပြောင်းရွှေ့ဆေးကုသမှုခံယူနေသော လူနာများအတွက် သက်ဆိုင်ရာ ဆရာဝန်၏ ဆေးထောက်ခံချက်ဖြင့်
အထူးခရီးသွားအာမခံ လျော်ကြေးပေးအပ်နိုင်ရန် အမြန်စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)
0 comments:
Post a Comment