Thursday, May 12, 2016

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အရာရှိစစ်သည်မိသားစုမှ ပွင့်ဖြူလေဘေးသင့်အိမ်ထောင်စုများအားကယ်ဆယ်ရေးပစ္စည်းပေအပ်




ပွင့်ဖြူ     မေ    
          ပွင့်ဖြူမြို့ ဗိုလ်ဥတ္တမခန်းမ၌  ယနေ့နံနက် ၉ နာရီက အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် အရာရှိစစ်သည်မိသားစုများမှ လေဘေးသင့်အိမ်ထောင်စုများအား ကယ်ဆယ်ရေးပစ္စည်းပေးအပ်ခြင်း အခမ်းအနား ကျင်းပရာ စလင်းတပ်နယ် တပ်နယ်မှူး ဗိုလ်မှူးကြီးတိုးလွင်က ကယ်ဆယ်ရေးပစ္စည်း ပေးအပ်လှူဒါန်းခြင်းနှင့် ပတ်သက်၍ရှင်းလင်းပြောကြားပြီး ပျက်စီးဆုံးရှုံးမှုအများဆုံးဖြစ်သည့် ကျေးရွာ(၆)ရွာအား သွပ်အချပ် (၃၀၀၀)ကို တပ်နယ်မှူးမှ လေဘးသင့်ပြည်သူများထံ ပေးအပ်ခဲ့သည်။
အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် အရာရှိစစ်သည်မိသားစုများ၏ လှူဒါန်းမှုမှာပွင့်ဖြူမြို့နယ်တွင် လေဘေးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်သည့် ကျောင်းကုန်းကြီးကျေးရွာ အိမ်ခြေ (၄၀၅)အိမ်အတွက် သွပ်ချပ်အရေအတွက် (၁၁၀၁)ချပ်နှင့် ကပြည့်ကျေးရွာအိမ်ခြေ(၁၁၀)အိမ် သို့ သွပ်အချပ်(၃၀၀)ကိုလည်းကောင်း၊ဇီးကိုင်းကျေးရွာ အိမ်ခြေ (၈၉)အိမ်အတွက် သွပ်(၂၄၂)ချပ်နှင့် ကျောင်းတော်ရာ ၁ အိမ်ခြေ(၁၁၂)အိမ်အား သွပ်ချပ် (၃၀၅)ချပ်ကိုလည်းကောင်း၊ဘူးသည်ကျေးရွာအိမ်ခြေ(၁၁၃)အိမ်အတွက် သွပ်ချပ်(၃၀၇)ချပ်နှင့် သမော်အင်းကျေးရွာအိမ်ခြေ(၂၇၄)အိမ်အားသွပ်အချပ်ရေ(၇၄၅)ချပ်၊စုစုပေါင်းလေဘေးသင့် အိမ်ခြေ(၁၁၀၃)အိမ်အတွက် သွပ်ချပ်ပေါင်း(၃၀၀၀)ချပ်အား ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် မကွေးတိုင်းဒေသကြီးအတွင် ပွင့်ဖြူမြို့နယ်သည် လေဘေးသင့်ဒဏ် အများဆုံးခံခဲ့ရပြီးစလင်းမြို့နယ်မှာ ပျက်စီးဆုံးရှုံမှု ဒုတိယအများဆုံးဖြစ်ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment