Thursday, May 12, 2016

စားသုံးသူများကိုအကာအကွယ်ပေးနိုင်ရေးအတွက် မကွေးဆီစက်လုပ်ငန်းရှင်များနှင့် စားသုံးသူရေးရာဦးစီးဌာန တာဝန်ရှိသူများတွေ့ဆုံဆွေးနွေး






မကွေးမေ၁၁
FDA နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူများ၏ အခွင့်အရေးကိုအကာအကွယ် ပေးနိုင်ရန်ရည်ရွယ်သောတွေ့ဆုံဆွေးနွေးပွဲတစ်ရပ် ကိုမကွေးမြို့ ၊ စိုးကောမင်းရပ်ကွက်၊ အနော်ရထာလမ်းရှိ စားသုံးသူရေးရာဦးစီးဌာနရုံး၌ ယနေ့နံနက် ၁၀နာရီခွဲအချိန်က ပြုလုပ်ခဲ့ရာမကွေးဒေသတွင်းဆီစက်လုပ်ငန်းရှင်များနှင့် စားသုံးသူရေးရာဦးစီးဌာန တာဝန်ရှိ သူများ ၊ ဖိတ်ကြားထားသူများ၊     မီဒီယာများအင်အား(၅၀)ဦးခန့်          တက်ရောက်ခဲ့ကြောင်း သိရသည်။


တွေ့ဆုံဆွေးနွေးပွဲ၌ မကွေးတိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊တိုင်းဒေသကြီးဦးစီးမှူး ဦးမောင်မောင်အေး မှ အဖွင့်အမှာစကားပြောကြားပြီးဆီစက်လုပ်ငန်းရှင်များဥက္ကဌဦးနေလင်းအောင်မှ တွေ့ဆုံဆွေးနွေးခွင့်ရရှိမှုအပေါ် ကျေးဇူးတင်စကားပြောကြားသည်။ ဆက်လက်၍ FDA တိုင်းဒေသကြီး တာဝန်ခံ ဒေါက်တာပြည့်ထူးကစားသုံးဆီမသန့်လျှင် ဖြစ်ပေါ်နိုင်သောဆိုးကျိုးများ ၊ရောနှောဆီများနှင့် ကောင်းမွန်သောထုတ်လုပ်မှု ဆိုင်ရာလုပ်ငန်းကျင့်စဉ်များအပေါ် ရှင်းလင်းဆွေးနွေးခဲ့ပြီးဆီစက်လုပ်ငန်း ရှင်များကတွေ့ကြုံရသည့် အခက်အခဲများ နှင့် စိန်ခေါ်မှုများအား ချပြရှင်းလင်းကာ     သိရှိလိုသည့်အချက်များကို      မေးမြန်းဆွေးနွေးခဲ့ကြောင်း     သိရသည်။

သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment