Wednesday, May 4, 2016

လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်


ပွင့်ဖြူ        မေ     ၅
မင်းဘူးခရိုင်၊ပွင့်ဖြူမြို့နယ်တွင် ဧပြီလ(၃၀)ရက်နေ့ မွန်လွဲ (၃)နာရီခန့်က တိုက်ခိုက်ခဲ့သော လေဆင် နှာမောင်းကြောင့် ကျေးရွာအုပ်စု (၂၆)အုပ်စု၊တွင် ကျေးရွာပေါင်း (၈၃)ရွာနှင့်မြို့ပေါ်ရပ်ကွက်(၁)ရပ်ကွက်တို့၌ ပျက်စီးသွားသော အိမ်(၂၉၀)လုံး၊အမိုးများ လန်ခြင်းနှင့် တစ်စိတ်တစ်ပိုင်း ပျက်စီးအိမ် (၂၅၆၀)လုံး၊စုစုပေါင်း (၂၈၅၀)လုံး ၊အခြေခံပညာကျောင်းပေါင်း(၈)ကျောင်း၌ အမိုးများလန်သွားသည့်ကြောင်း(၇)ကျောင်းနှင့် ပြိုလဲပျက်စီးသွားသည့်ကျောင်း(၁)ကျောင်း၊စေတီတစ်ဆူ ပြိုလဲပျက်စီးခဲ့ပြီး၊သာသနာရေးအဆောက်အဦ (၂၇)လုံး အမိုးလန်ပျက်စီးခဲ့ရာ တစ်မြို့နယ်လုံး ပျက်စီးမှူတန်ဘိုးကျပ်(၁၁၅)သန်း၊နှစ်သိန်း၊ခြောက်သောင်း၊ခုနှစ် ထောင်ငါးရာတိတိ ဆုံးရှုံးခဲ့ရပြီး၊ဒဏ်ရာရသူ အမျိုးသား(၂)ဦး၊အမျိုးသမီး(၄)ဦး၊စုစုပေါင်း (၆)ဦးရှိခဲ့ရာ လူနှင့် တိရစ္ဆာန်များ သေဆုံးမှုမရှိကြောင်းသိရသည်။
အဆိုပါလေဘေးသင့်၍ ပျက်စီးဆုံးရှုံးခဲ့သော ၊ကျေးရွာအုပ်စု (၉)အုပ်စုရှိ အိမ်ထောင်စု(၁၆၉)စု အား မကွေးတိုင်းဒေသကြီး ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ ကနဦးအနေ ဖြင့် အ၀တ်အထည်များနှင့် မီးဖိုးချောင်းသုံပစ္စည်းများကို မြို့နယ်ထွေ/အုပ် အစည်းအဝေးခန်းမတွင် မေလ(၃) ရက်နေ့ နံနက်(၁၀)နာရီက သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာဖွံ့ဖြိုးရေးအထောက်အကူပြု ကော်မတီတို့ထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရှိရသည်။
သူရထွန်း(ပွင့်ဖြူ)

0 comments:

Post a Comment