မင်းဘူး မေ ၁၁
မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်၊မင်းဘူး(စကု)မြို့နယ်တွင်
မေလ (၁၁)ရက်နေ့ နံနက်ပိုင်းတွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းနှင်အညီ
မောင်းနှင်းမှု ရှိ/မရှိ ၊မော်တော်ယာဉ်မောင်းနှင်းသူများအား နှစ်နေရာခွဲ၍ စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
မင်းဘူးမြို့ပေါ်တွင်
တောင်လှည်းကောက်(ခေါ်)အမှတ်(၁)ရပ်ကွက် နှင့် မြောက်လှည်းကောက်(ခေါ်) အ၀ိုင်းပတ်၊အမှတ်(၄)ရပ်ကွက်ထိပ်၊
မင်းဘူး-စကုကားလမ်းမကြီးတွင် နှစ်နေရာ ခွဲ၍ နေ့စဉ် နံနက်(၇) နာရီခွဲမှ (၉)နာရီခွဲထိလည်းကောင်း၊ညနေ(၅)နာရီမှ
(၆)နာရီခွဲထိလည်းကောင်း ခရိုင်ရဲတပ်ဖွဲမှူး ဒု-ရဲမှူးကြီး ၀င်းမောင် ဦးဆောင်သော အမှတ်(၁၈)ယာဉ်ထိန်းတပ်စု၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊မြို့နယ်ပညာရေး၊ခရိုင်မီးသတ်တပ်
ဖွဲ့ဝင်များ၊ခရိုင်ကုန်လမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍
ဆိုင်ကယ်စီးနှင်းမောင်းနှင်သူများ ဆိုင်ကယ်စီးဦးထုပ်မဆောင်းခြင်း၊မေးသိုင်းကြိုးမတပ်ခြင်း၊ယာဉ်မောင်း
လိုင်စင်နှင့် မော်တော်ယာဉ်မှတ်ပုံတင်မထားခြင်း၊ဆိုင်ကယ်တစ်စီးလျင် (၂)ဦးထက်ပိုတင်ဆောင်မောင်းနှင်ခြင်း
တို့ကို စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
ခရိုင်ရဲတပ်ဖွဲ့မှူး
ဒု-ရဲမှူးကြီး ၀င်းမောင်မှ “ အများအားဖြင့်
ဆိုင်ကယ်စီးသူများက ယာဉ်တိုက်ခိုက်မှုဖြစ် တာများတယ်၊ရက်(၁၀၀)စီမံချက်ကာလအတွင်း ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းကို
အများပြည်သူများ သိရှိ လိုက်နာနိုင်အောင် ပညာပေးမယ်၊မလိုက်နာလျင် ၂၀၁၅-ခုနှစ် မော်တော်ယာဉ်ဥပဒေနှင့်
အညီ အရေးယူဆောင်ရွက် သွားမယ်၊ပြစ်မှု၊ပြစ်ဒဏ်တွေကိုလည်း လက်ကမ်းစာစောင်များထုတ်ဝေပြီး
အများပြည်သူ သိရှိနိုင်အောင် ဖြန့်ဝေပေးနေတယ်၊ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများထံလည်း
ပေးပို့ ကြော်ညာထားတယ်၊ ” ဟုပြောသည်။
“မင်းဘူးမြို့ဟာ
မကွေး-မင်းဘူး-စကု-ပွင့်ဖြူ -စလင်း အဝေးပြေးကားလမ်းမကြီးက မြို့အလယ်ကဖြတ် သန်းနေတော့
ယာဉ်တိုက်ခိုက်မှုမဖြစ်အောင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် အများပြည်သူ ၀ိုင်းဝန်ဆောင်
ရွက်မှဖြစ်မှာပါ၊အများအားဖြင့် ဆိုင်ကယ်စီးသူတွေပိုများလာတော့ ယာဉ်တိုက်ခိုက်မှုတွေ
ဖြစ်တာ ပိုများလာတယ်၊ အခုလို ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း လိုက်နာဆောင်ရွက်ဖို့ စစ်ဆေးဆောင်ရွက်ပေးတာ
ကောင်းပါတယ်၊ပညာပေးတယ်၊မရလျင် ဥပဒေရ အရေးယူဆောင်ရွက်မယ်၊ ဒါမှ ပြည်သူအများ စည်းကမ်း
တကျ လိုက်နာမယ်၊ယာဉ်အန္တရာယ်လည်း ကင်းရှင်းလာမယ်” ဟု အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးမှ
ပြောသည်။
မင်းဘူးမြို့တွင်
ယာဉ်အန္တရာယ်ကင်းရှင်း၍ အများပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရန် မြို့တွင်းလမ်းများအား
ကတ္တရာထပ်ပိုလွှာများခင်းပေးခြင်း၊လမ်းအကျယ်ချဲ့ပေးခြင်းများ တို့ချဲ့ ဆောင်ရွက်လျက်
ရှိသော်လည်း ခရီးသွားလာ အများပြည်သူများ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းများအား တိကျစွာ
လိုက်နာ ဆောင်ရွက်ရန် လိုအပ်ကြောင်း သိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)
0 comments:
Post a Comment