Saturday, May 14, 2016

ဘေးအန္တရာယ်/စားသောက်ဆိုင် လုပ်ငန်းလိုင်စင်များအား ကွင်းဆင်းစိစစ် ဆောင်ရွက်




ငဖဲ     မေ     ၁၃
          ငဖဲမြို့နယ်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ဘေးအန္တရာယ်/စားသောက်ဆိုင် လုပ်ငန်းလိုင်စင်များအား မြေပြင်ကွင်းဆင်းစိစစ်ရေးအဖွဲ့ အနေဖြင့်မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့များ ဥပဒေနှင့်အညီ စီစစ်ဆောင်ရွက်မှုကို မေလ ၅ ရက်နေ့မှစတင်ဆောင်ရွက်ခဲ့ရာ စားသောက်ဆိုင်လုပ်ငန်းလိုင်စင်၊ဘေးအန္တရာယ်လုပ်ငန်းလိုင်စင်နှင့်ပုဂ္ဂလိကအိမ်ဆိုင်လုပ်ငန်းလိုင်စင် စုစုပေါင်း လုပ်ငန်းလိုင်စင်(၉၀)အား မြေပြင်ကွင်းဆင်းစိစစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
          ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် မြေပြင်ကွင်းဆင်းစိစစ်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဒု-မြို့နယ်အုပ်ချုပ်ရေးမှုးဦးမောင်ကျော်သန်းက လုပ်ငန်းလိုင်စင်သက်တမ်း ၂၀၁၅-၂၀၁၆ ခုဘဏ္ဍာရေးနှစ်အတွက် သက်တမ်းကုန်ဆုံးပြီဖြစ်၍ ၂၀၁၆-၂၀၁၇ ခု ဘဏ္ဍာရေးနှစ် သက်တမ်းတိုးကိစ္စရပ်များနှင့်လုပ်ငန်းလိုင်စင်အခွန်ငွေများအား ယခင်ဘဏ္ဍာရေးနှစ်များနည်းအတူ  တိုးမြင့်ကောက်ခံမှုမရှိဘဲ ပုံမှန်ပေးဆောင်နိုင်ရေးကိစ္စများနှင့်စပ်လျဉ်း၍ လည်းကောင်း၊အဖွဲ့ဝင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇော်အောင်က စားသောက်ဆိုင်များအနေဖြင့် ဆိုင်အတွင်း အဖုံးပါသောအမှိုက်များဖြင့်စနစ်တကျ စွန့်ပစ်ဆောင်ရွက်နိုင်စေရေး၊ရေဆိုးများကဲ့သို့ အညက်အကြေးများအား ရေမြောင်းဖောက်၍ စွန့်ပစ်စေရေး၊သားငါးများနှင့်ဟင်းသီးဟင်ရွက်များရောနှောထားခြင်းမပြုရန် စသည့် ကျန်းမာရေးကိစ္စရပ်များနှင့်ပတ်သက်၍လည်းကောင်း၊မြေပြင်ကွင်းဆင်းစိစစ်ရေးအဖွဲ့ဝင် မြို့နယ်စည်ပင် အမှုဆောင်အရာရှိ ဦးရှိန်မြင့်မောင်က ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းလိုင်စင် ကဒ်ပြားများ ထုတ်ပေးရေးကိစ္စများနှင့်ဆိုင်ပိတ်ချိန်တွင် အသုံးပြုပြီးသောမီးများအား စနစ်တကျငြိမ်းသတ်မှုရှိစေရေးနှင့်လျှပ်စစ်မီး စနစ်တကျသုံးစွဲရေးတို့ကို လုပ်ငန်းရှင်များအား ရှင်လင်းမှာ ကြားခဲ့သည်။
          အဆိုပါ မြေပြင်ကွင်းဆင်းစိစစ်ရေးအဖွဲ့သည် ငဖဲမြို့နယ်အတွင်းရှိပဒါန်းကျေးရွာမှ စားသောက်ဆိုင်လုပ်ငန်းလိုင်စင်(၃၄)ဦး၊ငဖဲမြို့ပေါ် စားသောက်ဆိုင် လုပ်ငန်းလိုင်စင်(၁၄)ဦး၊ ရင်းရှည်ကျေးရွာဘေးအန္တရယ်လုပ်ငန်းလိုင်စင်နှင့်ပုဂ္ဂလိကလုပ်ငန်းလိုင်စင်(၄၂) ဦး၊စုစုပေါင်း လုပ်ငန်းလိုင်စင်(၉၀)ဦးအား ကွင်းဆင်းစိစစ်ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment