Wednesday, May 4, 2016

ပြည်သူကြားက ထွက်လာတဲ့အသံ

ပြည်သူကြားက ထွက်လာတဲ့အသံ
..................
ပြောင်းလဲမှု ကို မလိုက်ပါလိုတဲ့ ပြန်ကြားရေး ဝန်ကြီးဌာန လက်အောက်
မန္တလေးမြို့ ကိုယ်ပွားသတင်းတိုက်
ကြော်ငြာဌာန ဝန်ထမ်း အမျိုးသမီး ၃ ဦး။

မနေ့က မေလ၂ရက်နေ့ က မန္တလေးမြို့
၈၁-၈၂ကြား ၂၀-၂၁ကြား ပြန်ကြား ရေးဝန်ကြီးဌာန လက်အောက်မှာရှိ တဲ့
ကိုယ်ပွားသတင်းစာတိုက် မှာ ကြော်ငြာထည့် ဖို့ သွားတယ် ကြော်ငြာကလဲ ကျနော်တို့ 99 Batch ရဲ့ ဆရာကန်တော့ပွဲကြော်ငြာပါ .. အဲ့နေ့မတိုင်ခင်က မန္တလေး သတင်းစာတိုက် မှာ Hein Zin Tun နဲ့ အတူ သွားထည့်ခဲ့ တယ်.. ကျနော်တို့ ထည့်လိုတဲ့စာကို လက်ရေးနဲ့ရေးပေး
ပီး ၃-၄ လက်မ (သို့)ကော်လံ ကို ၆သောင်း ဘာမှတ်ပုံတင်မှမတောင်းဘူး.... ၄-၅-၂၀၁၆ ပါမယ်..
မနေ့က မြန်မာ့အလင်း / ကြေးမုံ က ကြော်ငြာဌာန က ဝန်ထမ်း ၃ယောက်ရှိတယ် အလုပ်ကလဲရှင်းနေတာပဲ ..
ကြော်ငြာထည့်လိုကြောင်း ဘာကြောငြာလဲ ဆိုတော့ ဆရာကန်တော့ပွဲ အသိပေးကြော်ငြာပါ (၃-၄) သို့ (၄-၃) လက်မ
ထည့်ချင်ပါတယ် ဘယ်လောက်ကျမလဲ ဆိုတော့ ၁၂၀၀၀၀ ကျပ် ဒါနဲ့ မန္တလေး သတင်းစာမှာက ၆၀၀၀၀ကျပ်ပဲပေးရတာနော် ဆိုတော့ ဟုတ်တယ် မြန်မာ့အလင်း နဲ့ ကြေးမုံက စောင်ရေ သိန်းချီ လို့ဈေးပိုများတာတဲ့ ဒါလဲလက်ခံပါတယ်
ထည့်မယ်ဆိုတော့ ကျနော့်
၁-လိုင်စင် ကိုမိတ္တူသွားဆွဲခိုင်းတယ်
၂- ကွန်ပျူတာစာစီခိုင်းတယ်
ဟာ ဒါ က ကျနော့် အလုပ်မဟုတ်ဘူး လေ ကြော်ငြာဌာနရဲ့ တာ ဝန်လို့ ယူဆ မိလို့ ကျနော်နဲ့ စကား အခြေအတင်ပြောတော့ ကွန်ပျူတာစာစီဖို့ မလိုတော့ပါ
လိုင်စင်တော့မိတ္တူ ဆွဲခိုင်းတယ်
စကားပြောရင်းသိလာရတာက တာဝန်မယူချင်တာပါပဲ လက်ရေးနဲ့ ရေးရင် သူတို့က FAX နဲ့ ပို့ တော့ မှားရင် ဘယ်သူတာဝန်ယူမှာလဲ ဆိုတော့ ခင်ဗျားတို့ တာဝန်လေ ဆိုတော့ အဲ့ဒီ အမျိုးသမီးကဒေါသတွေဖြစ်လို့ .. ကျနော်ကပြောတယ် ကျနော် က customer ,, ခင်ဗျားက အလုပ် လက်ခံတဲ့သူ..
ဖြစ်သင့်တာ ကတော့ copier စက်တလုံးဝယ် / scanner တစ်လုံးနဲ့ ဝန်ဆောင်မှုပေးသင့်တာ ပါ
အခု ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်ကဝန်ထမ်းတွေကတော့ ပြောင်းလဲမှုကို လက်မခံ ပဲ ကြောငြာထည့်ချင် ထည့် မထည့်ချင်နေဆိုတဲ့ အစားတွေပါ
ကျနော် နားလည်ပါတယ် copier, scanner ကိစ္စ က သူတို့ အဆင့်နဲ့မရ မှန်းသိပါတယ် .. အနဲဆုံး ဟုတ်ကဲ့ အန်တီ / ကျမ တို့ အထက်တင်ပြပေးပါ့မယ်မျိုးဖြစ်သင့်တာပါ... အခုလိုကြော်ငြာ ကိုနာရေးကြော်ငြာ ထည့်ရင် ဘယ်လိုခံစားရမလဲ စဉ်းစားကြည့်ပါ .. နောက်ဆုံး ကျနော်ကြော်ငြာ မထည့်ခဲ့ပါ ....
.. ဒီစာကို ပြန်ကြားရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူများ/
မန္တလေး တိုင်းဒေသကြီးအစိုးရ အဖွဲ့ မှ သူများ ကြားပါစေ / မြင်ပါစေ -- ကြား/မြင်ရုံတင်မက ပြုပြင်မှုပါလုပ်ပါစေ။
Logan Lynn

0 comments:

Post a Comment