ပွင့်ဖြူ မေ
၁၈
မင်းဘူးခရိုင်၊ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ
မြို့နယ်အတွင်းရှိ တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများကို မေလ (၁၇)ရက်နေ့ မွန်လွဲ(၁)နာရီမှ
စတင်ထုတ်ချေးပေးနေလျက်ရှိသည်။
စိုက်ပျိုးစရိတ်ချေးငွေများကို ပထမဦးစွာ
လယ်လှကုန်းကျေးရွာအုပ်စု၊လယ်လှကုန်းကျေးရွာအား စတင် ထုတ်ချေးပေးခဲ့ရာ အစုအဖွဲ့ (၁)ဖွဲ့လျင်
(၃)ဦးနှုန်းဖြင့် ဖွဲ့စည်း၍ အစုအဖွဲ့ (၁၅)ဖွဲ့၊တောင်သူ
(၄၅)ဦးအား စပါးသီးနှံစိုက်ပျိုးနိုင်ရန် တစ်ဧကလျင် (၁)သိန်း(၅)သောင်းနှုန်းဖြင့် (၂၆၃)ဧက
အတွက် ထုတ်ချေးငွေကျပ် (၃၉၄)သိန်း(၅)သောင်း အား နေ့ချင်းပြီး ထုတ်ချေးပေးနိုင်ခဲ့သည်။
ပွင့်ဖြူမြို့နယ်တွင် ၂၀၁၆-ခုနှစ်၊မိုးစပါးစိုက်ပျိုးနိုင်ရန်
ကျေးရွာအုပ်စု (၄၉)အုပ်စုရှိ တောင်သူများအတွက် ထုတ်ချေးပေးသွားမည့်ကျပ်ငွေ(၇၁၈၀၀)သိန်းအား
တစ်မြို့နယ်လုံးရှိ မိုးစပါးစိုက် တောင်သူများအား မေလပိုင်း အတွင်း (၂၀)ရာနှုန်း အပြီးချေးပေးသွားမည်ဖြစ်ပြီး၊
ဇွန်လတွင်(၅၀) ရာနှုန်းနှင့် ဇူလိုင်လတွင် (၃၀)ရာနှုန်း ဖြင့် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်းနှင့်
မိုးသီးနှံ၊နှမ်းနှင့်ပဲမျိုးစုံချေးငွေများအား တစ်ဧကလျင် (၂)သောင်းကျပ် နှုန်းဖြင့် ကျပ်သိန်း (၄၉၀)အား ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း၊
ယခုသီတင်းပတ်တွင် (၃)အုပ်စုကို ထုတ်ချေးပေးသွားမည်ဟု မြို့နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ
မြို့နယ်မန်နေဂျာ ဒေါ်ကြူကြူအေး ထံမှ သိရှိရသည်။
သူရထွန်း(ပွင့်ဖြူ)
0 comments:
Post a Comment