Wednesday, May 4, 2016

ယခုသတင်းမှာလည်းရဲနှင့်ပါတီကိုရန်တိုက်ပေးသလိုဖြစ်နေပြီး ပါတီကိုပုံရိပ်ထိခိုက်အောင်ပြုလုပ်ခဲ့ခြင်းသာဖြစ်ကြောင်းအသိပေးအပ်ပါသည်

အောက်ပါသတင်းနှင့်ပတ်သတ်၍
မိမိမှမကွေးမြိ့နယ်ရဲတပ်ဖွဲ့မှူးအားမေးမြန်းခဲ့ပါသည်။၎င်းmedia group သည်၎င်းတို့၏ရဲတပ်ဖွဲ့ဌာနမှမဟုတ်ကြောင်းနှင့်ဦးသိမ်းစိုး၏ကိစ္စမှာလည်းစုံစမ်းစစ်ဆေးဆဲကာလဖြစ်ပြီး
ဖမ်းဆီးထားခြင်းမရှိကြောင်းပြောကြားခဲ့ပါသည်။မိမိယူဆချက်အရNLDပါတီနာမည်ထည့်ထားခြင်းမှာ
ပါတီနာမည်ဖျက်ခြင်းသာဖြစ်သည်။ငွေစက္ကူအတုလုပ်ခြင်းမှာဦးသိမ်းစိုးမဟုတ်ပါ၎င်းမှာ
ရွာဦးဘုန်းတော်ကြီးကျောင်းတွင်လှူဒါန်းထားသောပရင်တာနှင့်ရွာပဌာန်းပွဲအတွက်လိုအပ်သောငွေ
အကြွေရရှိရန်စာမျက်နှာတဖက်တည်းပါသောငွေစက္ကူ၁၀၀တန်ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
၎င်းငွေ၁၀၀တန်မှာငွေ၁၀၀တန်အစစ်နှင်ရွယ်တူဆိုက်တူမဟုတ်ပဲစာရွက်ငယ်များနှင့်သာမိတ္တူပြုလုပ်ခဲ့ခြင်းဖြစ်
သည်။ဦးသိမ်းစိုးမှပြုလုပ်ခဲ့ခြင်းမဟုတ်ပါ။နှစ်စဉ်ရွာပဌာန်းပွဲများတွင်ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်
။ယခုသတင်းမှာလည်းရဲနှင့်ပါတီကိုရန်တိုက်ပေးသလိုဖြစ်နေပြီး
ပါတီကိုပုံရိပ်ထိခိုက်အောင်ပြုလုပ်ခဲ့ခြင်းသာဖြစ်ကြောင်းအသိပေးအပ်ပါသည်။

0 comments:

Post a Comment