Thursday, May 12, 2016

စေတုတ္တရာမြို့နယ်တွင် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း လိုက်နာရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်




စေတုတ္တရာ      မေ      ၁၂
          မင်းဘူးခရိုင်၊စေတုတ္တရာမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းကြီးကြပ်ရေး ကော်မတီမှ ဗိုလ်ချုပ်လမ်းကြီးနှင့် အမှတ်(၁)အ.ထ.က ကျောင်းရှေ့ တို့တွင် ဆိုင်ကယ်စီးနှင်သူများအား ဆိုင်ကယ်စီးဦးထုပ်မဆောင်းခြင်း၊ဆိုင်ကယ်တစ်စီးလျင်(၂)ဦးထက် ပိုမို တင်ဆောင်မောင်းနှင်ခြင်း၊ယာဉ်မောင်းလိုင်စင်းနှင့် ဆိုင်ကယ်မှတ်ပုံတင်မထားရှိခြင်းတို့ကို ခရီးသွားလာ ပြည်သူများအား မေလ(၁၁)ရက်နေ့မှ စ၍ အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိသည်။
          အဆိုပါ ပညာပေးကာလကုန်ဆုံးပါက စည်းကမ်းလိုက်နာမှုမရှိသည့် သူများအား အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)

0 comments:

Post a Comment