Tuesday, May 3, 2016

ကြည့်ရှုဆောင်ရွက်နေတဲ့ဗိုလ်ကြီးများနှင့်အတူ လုပ်အားဒါနပြု လုပ်ဆောင်နေတဲ့ ရဲဘော်များအားလုံးကို ကျေးဇူးတင် ဝမ်းမြောက် သာဓုခေါ်ပါတယ်။





















 အရှင်စန္ဒာဝရ မင်းဘူး added 22 new photos.
မကွေးတိုင်း
စ.ဗ.ဟ (၂)အလယ်ပိုင်းစစ်ဌာနချုပ်၊
တ.မ.ခ (၈၈) တပ်မမှုး၊
တ.မ.ခ (၈၈)ဗျူဟာမှုးနှင့်
ခ.လ.ရ (၈၈)မှ ရဲဘော် ၁၁ ယောက်နှင့်အတူကားတစီး၊
ခ လ.ရ (၁၀)မှ ရဲဘော် ၁၁ ယောက်နှင့်အတူကားတစီး၊
ဌ.န.ခ ခွဲ (၈၈)မှ ရဲဘော် ၁၀ ယောက်နှင့်အတူကားတစီး၊
ခ.ဖ.ရ (၃၀၁)မှ ရဲဘော် ၁၀ ယောက်နှင့်အတူကားတစီး၊
ခ.ဖ.ရ (၃၁၇)မှ ရဲဘော် ၁၀ ယောက်နှင့်အတူကားတစီး များက မိမိတို့ကျေးရွာ၏ကမ်းပါးပြိုလို့ ဖျက်ပီပုံထားရသော အိမ်တိုင် စသည့်ပစ္စည်းများကို ကိုယ့်ထမင်းထုပ် ကိုယ့်ရေဘူး ဆေးလိပ် ကွမ်းယာ များနှင့်ရွာလူများကိုဝန်ထုပ်မဖြစ်စေပဲ သယ်ယူပို့ဆောင် ကူညီပေးနေပါတယ်၊ခ.လ.ရ(၈၈)မှဗိုလ်မှုးလေးနဲအတူရဲဘော်များကတော့ ယနေ့ရောဆို(၄)ရှိသွားပါပြီသယ်ယူပေးထားတာပါ၊ကြက်ဥ(၁၀)ကပ်နှင့်အတူ မဂ္ဂဇင်း စာအုပ်.တလအတွင်းသတင်းစာများကိုလဲလှူဒါန်းခဲ့ပါတယ်၊ရွာဦးကျောင်းဆရာတော်ကိုလဲ အကုန်လုံးမကူညီနိုင်တောင် တပည့်တော်တို့ တက်နိုင်သလောက် ကူညီပေးပါမယ်လို့ လိုအပ်သည်များကိုမှာကြားသွားတာမဟုတ်ပဲ လိုအပ်တာလေးတွေကိုဖြည့်ဆည်းပေးနေပါတယ်၊နောက်တခုထူးတာလေးက ဗိုလ်မှုးလေးတယောက် ပဲ သကြား နှင့် နို့ ဆီ ဘူးလေးများကို သူ့ရတဲခြွေးနဲရိက္ခာလေးထဲကဖဲ့ပြီ မနက်အစော ရောက်ရောက်ချင် ဘုန်းတော်ကြီး ကျောင်းကိုလာပီလှူဒါန်းသွားတယ်၊သူကဦးဇင်းတို့ကိုပေးကမ်းလှူဒါန်းတာ လက်တွေ့ အမြင်ကတော့ဦးဇင်းတို့သုံးဆောင်ဖို့ရသွားတာပေါ့ ဒါပေမဲ့ ဦးဇင်းတို့ရတာမဟုတ်ဖူး သူရသွားတာပါ လှူဒါန်း လိုက်ရတဲ့အာဟာရဒါနကုသိုလ်လေးပေါ့ ထပ်ပီတွေးနေရင်သူ ကုသိုလ် ပီတိ လေးတွေနဲကျေနပ်ပီပျော်ရွင်မှုအစစ်ရနေပါတော့မယ်။ ကြည့်ရှုဆောင်ရွက်နေတဲ့ဗိုလ်ကြီးများနှင့်အတူ လုပ်အားဒါနပြု လုပ်ဆောင်နေတဲ့ ရဲဘော်များအားလုံးကို ကျေးဇူးတင် ဝမ်းမြောက် သာဓုခေါ်ပါတယ်။

0 comments:

Post a Comment