ငဖဲ မေ
၂၇
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်း
ဗိုလ်ရွှဲ ခန်းမတွင် ၂၀၁၆-၂၀၁၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက်
၉ နာရီက ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်က အဖွင့်အမှာစကားပြောကြားပြီး
မြို့နယ်ပညာရေးမှူး ဒေါ်ခင်မာအေးချိုမှ ကျောင်းအပ်နှံရေးနေ့ဆိုင်ရာ လုပ်ငန်းစဉ်များကို
ရှင်းလင်း ပြောကြားသည်။ ဆက်လက်၍ ပညာရေးဝန်ကြီးဌာနမှ အခမဲ့ဖြန့်ဝေပေးသော ပုံနှိပ်စာအုပ်များ၊
ဗလာ စာအုပ်များနှင့်မူလတန်းကျောင်းသား/သူများအတွက် ၀တ်စုံများကို မြို့နယ်အုပ်ချုပ်ရေးမှူးကပေးအပ်
ရာ ကျောင်းသား/သူများမှ လက်ခံရယူသည်။
ငဖဲမြို့နယ်တွင် အထက(၂)ကျောင်း၊အထကခွဲ(၂)ကျောင်း၊ အလက(၁)ကျောင်း၊
အလက ခွဲ(၁၃) ကျောင်း၊မူလွန်(၆)ကျောင်း၊အမက(၄၃)ကျောင်းနှင့်အမကခွဲ(၁၀)ကျောင်း စုစုပေါင်း
အခြေခံပညာကျောင်းပေါင်း(၇၇)ကျောင်းရှိကာ မေလ(၂၅)ရက်နေ့တွင် ကျောင်းသား/သူ(၇၅၆၄)ဦး
လက်ခံရရှိပြီး မေလ(၃၁)ရက်နေ့အတွင်း ကျောင်းနေအရွယ်ကလေးငယ်များ ရာနှုန်းပြည့် ကျောင်းအပ်နှံရေး
ဌာနဆိုင်ရာများ၊လူမှုရေးအသင်းအဖွဲ့ဝင်များ၊ကျောင်းသားမိဘများနှင့်ပူပေါင်း ဆောင်ရွက်သွားမည်ဖြစ်
ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment