Saturday, May 21, 2016

မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေး


မကွေး     မေ     ၂၀
မကွေးတိုင်းဒေသကြီး အတွင်း (၂၅) မြို့နယ်သို့ ၂၀၁၆-မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးရန် အတွက် စပါးတစ်ဧက ကျပ်-၁၅၀၀၀၀/-နှုန်းဖြင့် (၃၈၆၈၅၃)ဧက အတွက် ကျပ်- (၅၈၀၂၇.၉၅)သန်းနှင့် အခြားသီးနှံ တစ်ဧက ကျပ်-၂၀၀၀၀/-နှုန်းဖြင့် (၇၉၁၀၃၅)ဧက အတွက် ကျပ်(၁၅၈၂၀.၇၀)သန်း စုစုပေါင်း (၇၃၈၄၈.၆၅)သန်း ထုတ်ချေးပေးရန် လျာထားလျက်ရှိကြောင်း သိရသည်။
ထိုသို့ ထုတ်ချေးရာတွင် တိုင်ဒေသကြီးအတွင်း (၁၆- ၅ -၂၀၁၆)နေ့မှစတင် ထုတ်ချေးပေး လျက်ရှိရာ (၁၉ - ၅ - ၂၀၁၆)နေ့ထိ မြို့နယ်(၁၉)မြို့နယ်မှ တောင်သူ(၃၀၇၈)ဦးသို့ စပါးသီးနှံ (၃၃၈၈)ဧကအတွက် ကျပ်(၅၀၈.၂၀)သန်းနှင့် အခြားသီးနှံ (၁၁၅၂၆)ဧကအတွက် ကျပ်(၂၃၀.၅၂) သန်း စုစုပေါင်း (၇၃၈.၇၂)သန်း ထုတ်ချေးပြီးဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ တိုင်းဒေသကြီးဘဏ်ခွဲ မန်နေဂျာထံမှ သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment