Saturday, May 28, 2016

စိုက်ပျိုးမွေးမြူရေးနှင့်အသက်မွေးမှုအတက်ပညာသင်တန်းကျောင်း မှ ထွက်ပြေးလာသူ ထောင်သားတစ်ဦးဖမ်းမိ


          ရေစကြိုမြို့နယ်၊ မအူအောက်ဆိပ်ကျေးရွာတွင် စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတက်သင်တန်းကျောင်းမှ ထွက်ပြေးလာသူ ထောင်သားတစ်ဦးအား မေ(၂၅)ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း နယ်မြေခံရဲစခန်းမှသိရသည်။ ဖြစ်စဉ်မှာ မေ(၂၅)ရက်နေ့နံနက်(၈)နာရီခွဲအချိန်က ရေစကြိုမြို့နယ်၊မအူအောက်ဆိပ်ကျေးရွာ၊ သုဿာန်အတွင်းမသင်္ကာသူလူတစ်ဦး ပုန်းခိုနေကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးမှ အကြောင်းကြားချက်အရ မအူရဲကင်းစခန်းမှူး ရဲအုပ်ထွန်းထွန်းဦး သွားရောက် ဖမ်းဆီးခဲ့ရာ ချမ်းကို၊အသက်(၁၉)နှစ်၊မအူအောက်ဆိပ်ကျေးရွာ၊ရေစကြိုမြို့နယ်နေသူဖြစ်ပြီး စစ်ဆေးခဲ့ရာ သည် ရေစကြိုမြို့မရဲစခန်းမှ (ပ)၉၅/၂၀၁၄၊ပြစ်မှုပုဒ်မ ၃၇၉/ကျင့် ၅၄ ဆိုင်ကယ်ခိုးမှုဖြင့် ၁.၄.၂၀၁၄ ရက်နေ့တွင် ရေစကြိုမြို့နယ် တရားရုံးမှ ထောင်ဒဏ်(၂)နှစ်ကျခံခဲ့ပြီး ပခုက္ကူအကျဉ်းထောင်မှ ဆင်ပေါင်ဝဲမြို့နယ်၊ ကိုးပင်-သာစည် စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတက်သင်တန်းကျောင်းသို့ရောက်ရှိပြီး သင်တန်းကျောင်းမှ ၁၉.၂.၂၀၁၆ ရက်နေ့တွင် ပဲစဉ်းငုံချွေလှေ့ခြင်း လုပ်ငန်းမှ ထွက်ပြေးလာသူဖြစ်ကြောင်းသိရသည်။ယင်းဖမ်းဆီးရမိခဲ့မှုနှင့်ပက်သက်၍ ချမ်းကိုအား အရေးယူပေးရန် ရဲအုပ်ထွန်းထွန်းဦးမှ တရားလိုပြုတိုင်ကြားခဲ့သောကြောင့် ရေစကြိုမြို့နယ်၊မြို့မရဲစခန်းမှ (ပ)၁၀၇/၂၀၁၆၊ ပြစ်မှုပုဒ်မ ၂၂၄  ဖြင့်အမှုဖွင့်ထားကြောင်းသိရသည်။

0 comments:

Post a Comment