Thursday, May 5, 2016

စလင်းမြို့နယ်လေဘေးသင့်ပြည်သူများ ထောက်ပံ့ရေးပစ္စည်းများပေးအပ်


စလင်း      မေ      ၅
မင်းဘူးခရိုင်၊စလင်းမြို့နယ်တွင် ဧပြီလ(၃၀)ရက်နေ့က လေပြင်မုန်တိုင်းတိုက်ခတ်ခဲ့မှုကြောင့် မြို့နယ်အတွင်းရှိ ကျေးရွာများရှိ လူနေအိမ်များ အမိုး/အကာများလန်ခြင်း၊ ပြိုလဲပျက်စီးခြင်းများဖြစ်ပေါ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများမှ မေလ(၄)ရက်နေ့တွင် သွားရောက်၍ ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ခဲ့ကြသည်။
စလင်းမြို့နယ်တွင်  ဖောင်းလင်းကျေးရွာ၊ငွေတောင်ကျေးရွာတို့တွင် လူနေအိမ်များနှင့် စာသင်ကျောင်း များ၊ ဘုန်းတော်ကြီးကျောင်းများ အမိုးလန် ပျက်စီးမှုများပြားခဲ့သည်။ယင်းကျေးရွာများသို့ မင်းဘူးခရိုင် နှင့် စလင်းမြို့နယ်မှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက သွားရောက်၍ အိုးအိမ်များ ပြန်လည်ပြုပြင်ခြင်း၊ပြိုလဲကျိုးကျ သစ်ပင်/သစ်ကိုင်းများ ရှင်းလင်းခြင်းတို့ဆောင်ရွက်ပေးခဲ့ကြပြီး မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်ခိုင်၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများမှ ကျေးလက်နေပြည်သူများအား အ၀တ်အထည်များနှင့် စားသောက်ဖွယ်ရာများကို သွားရောက်ကူညီ ထောက်ပံ့ပေးခဲ့ကြကြောင်းသိရှိရသည်။
သူရထွန်း(ပွင့်ဖြူ)

0 comments:

Post a Comment