Saturday, May 14, 2016

လေဘေးသင့်ပြည်သူများအတွက်ကယ်ဆယ် ရေးပစ္စည်းများ ထောက်ပံ့ ပေးအပ်



မြို့သစ် မေ ၁၃
 
 မကွေးတိုင်းဒေသကြီး မြို့သစ်
မြို့နယ် အတွင်းရှိလေဘေးသင့်ပြည်သူ များ
အတွက်ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့
ပေးအပ်ပွဲကို မြို့သစ်မြို့နယ်အထွေထွေအုပ်
ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်
မေလ(၁၃)ရက်နေ့ နံနက်(၁၀)နာရီကကျင်းပ
ပြုလုပ် ခဲ့သည် ။ ။
အခမ်းအနားတွင် မြို့နယ်အထွေ
ထွေအုပ်ချုပ်ရေးဦးစီးဌာနမြို့နယ်အုပ်ချုပ်ရေးမှူးဦးဗိုလ်အောင်မောင်မောင် မှ ကယ်ဆယ်ရေးပစ္စည်းများပေးအပ်ခြင်းနှင့်ပတ်သက်၍ရှင်းလင်းဆွေးနွေးခဲ့ပြီး အလယ်ပိုင်း
တိုင်းစစ်ဌာနချုပ်အရာရှိစစ်သည်မိသားစုမှ
ထောက်ပံ့သည့်သွပ်(၁၂၄)ချပ်၊ မကွေးတိုင်း
ဒေသကြီးလူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်
လည်နေရာချထားရေးဦးစီးဌာနမှထောက်ပံ့
သည့်တစ်အိမ်ထောင်လျှင်(၂၀၀၀၀ိံ)နှုန်း
ဖြင့် ငွေသား(၆၂၀၀၀၀ိံ) သဘက်စောင်
(၃၁)ထည် ၊ ကျားဝတ်ပုဆိုး(၃၁)ထည်
မ/ဝတ်လုံချည်(၃၁)ထည် ၊ကာဘော်လိပ်ဆပ်ပြာ(၃၁)တောင့်တို့အားမြို့
နယ်အုပ်ချုပ်ရေးမှူးဦးဗိုလ်အောင်မောင်မောင်။မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးသန်းဆွေ။မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးရဲထွဋ်။မြို့နယ်ပညာရေးမှူးဒေါ်ခင်အုံးမြ။မြို့သစ်မြို့နယ်ဖွံ့
ဖြိုးတိုးတက်ရေးနှင့်အထောက်အကူပြုကော်မတီဥက္ကဌဦးတင်ဆိုင်။မြို့သစ်မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီအတွင်းရေးမှူးဦးကျော်ဝင်းစိန်။တို့မှအလှူရှင်များကိုယ်စား
လေဘေးသင့်ခံရသောမြို့လုလင်ကျေးရွာ ၊ ပုလင်းကြီးကျေးရွာ ၊ဂွေးချိုကျေးရွာ ၊ ထောက်ရှာတန်းကျေးရွာ ၊ နဘဲကုန်းကျေးရွာ ၊ ဆည်လည်ကျေးရွာ ၊ မြေပြင်သာကျေးရွာ တို့မှ လေဘေးသင့်ပြည်သူများထံလွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည် ။ ။
သန်းဝင်းထွန်း( မြို့သစ် )

0 comments:

Post a Comment