Saturday, May 28, 2016

အောင်လံမိုး ခရီးသည်တင်ယာဉ် အရှိန်မထိန်းနိုင်ဘဲလမ်းဘေးသစ်ပင်ဝင်တိုက် လူ(၆)ဦးဒဏ်ရာရ


               မကွေးမြို့နယ်၊ မကွေး-တောင်တွင်းကြီးကားလမ်း လျောင်းတော်ဦးကျေးရွာအနီး မေ(၂၅)ရက်နေ့ မွန်းလွဲပိုင်း ခရီးသည်ယာဉ်တစ်စီး    လမ်းဘေးသပ်ပင်ဝင်တိုက်မိခဲ့၍ လူ(၆)ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ဖြစ်စဉ်မှာ မေ(၂၅)ရက်နေ့ မွန်းလွဲ(၃)နာရီခွဲအချိန်က မကွေး-တောင်တွင်းကြီးကားလမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ ယင်းရဲကင်းစခန်းမှူး ရဲအုပ်ဝင်းဇော်လွင် သွား ရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။ မကွေး-တောင်တွင်းကြီးကားလမ်းအတိုင်း တောင်တွင်းကြီးမြို့မှ မကွေးမြို့ဘက်သို့ အောင်အောင်၊အသက်(၂၈)နှစ်၊မကျီးကုန်းရပ်ကွက်၊အောင်လံမြို့နေသူမောင်းနှင်သော အောင်လံ-တောင်တွင်း-မကွေးပြေးဆွဲသည့် 2E/----- KINGLONG အောင်လံမိုးခရီးသည်ယာဉ်သည် မကွေး-တောင်တွင်းကားလမ်း လျောင်းတော်ဦးကျေးရွာအနီး မိုင်တိုင်အမှတ် ၃၂၁/၄ နှင့် ၃၂၁/၅ အကြားအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ယာဘက်ခြမ်းလမ်းဘေးရှိ တမာပင်အားဝင်ရောက်တိုက်မိရာ ယာဉ်ပေါ်ပါ ဦးဝိမလ၊အသက်(၄၅)နှစ်၊ရုံးကုန်းကျေးရွာ ကျောင်းတိုက်၊မိကျောင်းရဲတိုက်နယ်၊မကွေးမြို့နယ်နေသူတွင် ဦးခေါင်းဝဲဘက်ပွန်းပဲ့၊နဖူးဝဲဘက်ပွန်းပဲ့ဒဏ်ရာ(မစိုးရိမ်ရ)၊     ဦးဟိန္ဏက၊အသက်(၆၂)နှစ်၊တောင်ပေါ်ကျောင်းတိုက်၊မိကျောင်းရဲတိုက်နယ်၊မကွေးမြို့နယ်နေသူတွင် ဝဲနှုတ်ခမ်း ပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ)၊ ဦးစိုးရွှေ၊အသက်(၅၀)နှစ်၊ဈေးကုန်းရပ်၊အောင်လံမြို့နေသူတွင် ဦးခေါင်းနောက်စေ့ပေါက်ပြဲ ဒဏ်ရာ(စိုးရိမ်ရ)၊ ဦးသန်းအောင်ဇော်၊အသက်(၄၄)နှစ်၊သရက်တောရပ်၊အောင်လံမြို့နေသူတွင် ယာလက်ဖျံနာကျင်၊ ဝဲခြေသလုံးပွန်း၊ဝဲခြေဖမိုးဖူးရောင်၊ယာခြေသလုံးဖူးရောင်၊ယာတင်ပါးဆုံနာကျင်ဒဏ်ရာ(မစိုးရိမ်ရ)၊အောင်အောင်(ယာဉ်မောင်း)တွင် နှာခေါင်းသွေးထွက်ပွန်းပဲ့ဒဏ်ရာ(မစိုးရိမ်ရ)နှင့် ဝေလင်းထွန်း၊အသက်(၂၈)နှစ်၊ယာဉ်နောက်လိုက် မကျီးကုန်းရပ်၊ အောင်လံမြို့နေသူတွင် နှာခေါင်းသွေးထွက်ပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ)တို့ရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ဖြစ်စဉ်နှင့်ပက်သက်၍ ယာဉ်မောင်း အောင်အောင်အား မကွေးမြို့နယ်၊မကွေးနယ်မြေရဲစခန်းမှ ယာဉ်(ပ)၁၅/၂၀၁၆၊ပုဒ်မ ၃၃၈/၃၃၇ ဖြင့်အမှုဖွင့်ထားကြောင်းသိရသည်။   နေဇော်

0 comments:

Post a Comment