Saturday, May 14, 2016

မုန်းတမံရေပိုလွှဲအသစ်ဖောက်လုပ်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပွဲပြုလုပ်




မင်းဘူး     မေ     ၁၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နှင့် ပွင့်ဖြူမြို့နယ်များရေလွမ်းမိုးမှုကင်း စေရန် ရည်ရွယ်၍ မုန်းချောင်းရေလှောင်တမံတွင် မုန်းတမံရေပိုလွှဲအသစ်ဖောက်လုပ်ခြင်းအား ပြည်သူလူထုသို့ ရှင်းလင်းပွဲအခမ်းအနားကို စေတုတ္တရာမြို့နယ် ဓမ္မစကူးခန်းမတွင် မေလ (၁၃)ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင်စေတုတ္တရာဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ဦးဝင်းမြင့်ထွေးက အဖွင့်အမှာ စကားပြောကြားပြီး ဆည်မြောင်းဦးစီးဌာန တည်ဆောက်ရေး(၃) ညွှန်ကြားရေးမှူး ဦးညွှန့်ဌေးမှ မုန်းတမံရေပိုလွှဲအသစ်ဖောက်လုပ်ခြင်းအား ပြည်သူလူထုသို့ ရှင်းလင်းချပြရာ ရေပိုလွှဲအသစ်သည် မြေသားဖြင့်ပြုလုပ်၍ အမြင့် (၁၅)ပေထားရှိမှာဖြစ်ပြီး စေတုတ္တရာမြို့အတွက် အန္တရာယ်မရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
          ထို့နောက် တက်ရောက်လာသူများက မရှင်းလင်းသည်များကို မေးမြန်းရာ ညွှန်ကြားရေးမှူး ဦးညွှန့်ဌေးမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်းသိရှိရသည်။


ဖိုးပြည့်(မင်းဘူး)

0 comments:

Post a Comment