ပေါက် မေ
၁၂
စီးပွားကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊လက်ရှိစားသုံးသူရေးရာ ဦးစီးဌာန
ပခုက္ကူခရိုင်မှ တာဝန်ရှိသူများနှင့်အမှုဆောင်အရာရှိနှင့်ဝန်ထမ်းများ ပူးပေါင်း၍ ယနေ့နံနက်
၁၀ နာရီက ပေါက်မြို့မဈေးအတွင်း ကုန်ပစ္စည်းမျိုးစုံရောင်းချသော စတိုးဆိုင်/ကုန်စုံဆိုင်များတွင်
ကျန်းမာရေးဝန်ကြီးဌာနမှ တားမြစ်ပိတ်ပင်ထားသောစားသုံးရန်မသင့်သည့် အစားအသောက်ကုန်ပစ္စည်းများ
ရောင်းချမှုရှိမရှိ ကွင်းဆင်းစစ်ဆေးခြင်း၊ ရောနှောဆီများ၊စားသုံးဆီနှင့်စားသောက်ကုန်ပစ္စည်းများ
မသန့်လျှင် ဖြစ်ပေါ်နိုင်သော ဆိုးကျိုးများနှင့်ပတ်သက်၍စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ
အသိပညာပေးဟောပြောနိုးဆော်ခြင်းနှင့် ပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကို
ပူးပေါင်းကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment