Monday, May 16, 2016

သောက်သုံးရေ အခက်အခဲရှိ ကျေးရွာများသို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ပေးဝေလှူဒါန်းလျှက်ရှိ



    
  

မကွေး     မေ     ၁၆
အယ်နီညို ရာသီဥတုပြင်းထန်မှုကြောင့် မကွေးတိုင်းဒေသကြီးအတွင်း အချို့ကျေးရွာများတွင် သောက်သုံးရေများ နည်းပါးခြင်း၊ ခမ်းခြောက်ခြင်းများဖြစ်ပေါ်နေမှုများကြောင့် သောက်သုံးရေ အခက်အခဲများဖြင့် ကြုံတွေ့လျက်ရှိရာ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ယမန်နေ့ နံနက် ၇း၄၅ နာရီက မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မြင့်လွင်နှင့်ဇနီး၊ မကွေးခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မင်းဟန် ဦးစီးတပ်ဖွဲ့ဝင် အရာရှိ(၁၅)ဦးနှင့်တပ်ဖွဲ့ဝင် အမျိုးသား အမျိုးသမီး (၅၀)ဦး၊ မကွေးမြို့နယ် မီးသတ်တပ်ဖွဲ့မှ တပ်ကြပ် အောင်ကျော်ညွှန့်နှင့်တပ်ဖွဲ့ဝင်တို့သည် ရဲအုပ်ချုပ်မှုယာဉ်(၂)စီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပေးထားရှိသော  ရေဂါလံ(၂၇၀၀)ဆံ့ ရေဘောက်ဆာယာဉ်(၁)စီး၊ မီးသတ် ရေသယ်ယာဉ် ဂါလံ(၁၆၀၀)ဆံ့(၁)စီး၊ ရေဂါလံ(၄၅၀၀)ဆံ့ ရေဘောက်ဆာရေယာဉ်(၁)စီး၊ ဆည်မြောင်း ရေသယ် ယာဉ်ရေဂါလံ(၃၂၀၀)ဆံ့ (၁)စီး၊ ရေဂါလံ(၈၀၀)ဆံ့ ရေသယ်ကန်ပါ ဖောကား(၁)စီး၊ မကွေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှ သောက်ရေသန့်ဗူးများတင်ဆောင်ထားသည့် တပ်ဖွဲ့ပိုင်ယာဉ် (၂)စီး၊  မကွေးခရိုင် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ပိုင်ယာဉ်(၂)စီး၊ စုစုပေါင်း မော်တော်ယာဉ်(၁၁)စီးဖြင့် မကွေးမြို့နယ်၊ ရေငံကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်းတွင် ၄င်းကျေးရွာရှိ အိမ်ခြေ(၁၄၅)အိမ်၊ အိမ်ထောင်စု(၁၅၄)စု၊ လူဦးရေ(၆၇၀)ဦးတို့အား၊ သောက်ရေသန့် (၂၀)လီတာဝင်ဗူးကြီး(၂၁၀)ဗူး၊(၁၀၅၀)ဂါလံ၊ သုံးရေ (၂၄၀၀)ဂါလံ၊ စုစုပေါင်း(၃၄၅၀)ဂါလံတို့အား လည်းကောင်း၊ပေပင်စမ်းကျေးရွာအုပ်စု စိုင်ကျကျေးရွာရှိ အိမ်ခြေ(၄၀၀)အိမ်၊ အိမ်ထောင်စု(၄၆၁)စုမှ လူဦးရေ(၁၇၁၅)ဦးတို့ အတွက် ရေဂါလံ(၃၂၀၀)အား ပေးဝေလှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမြင့်လွင်နှင့်အဖွဲ့သည် နံနက် ၁၀း၄၅  နာရီအချိန်တွင် မကွေးမြို့နယ် ငါးဆောင်ကျေးရွာအုပ်စု ပန်ညိုစမ်းကျေးရွာသို့ရောက်ရှိပြီး ကျေးရွာရှိ အိမ်ခြေ(၁၂၈)အိမ်၊ အိမ်ထောင်စု(၁၃၀)ဦး၊ လူဦးရေ(၄၃၂)ဦးတို့အား သောက်ရေသန့်(၂၀) လီတာဝင် ဗူးကြီး(၁၅၀)ဗူး(၇၅၀)ဂါလံ၊ သုံးရေ(၆၅၀၀)ဂါလံ၊ စုစုပေါင်းရေဂါလံ(၇၂၅၀)ဂါလံတို့အား အသီးသီး လှူဒါန်းပေးဝေခဲ့ကြကြောင်း သိရှိရသည်။
           မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲမှူးကြီးမြင့်လွင်နှင့်ဇနီးဦးဆောင်သည့် ရေလှူဒါန်းမှုအား မကွေး မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း(၃)ရွာ၊ အိမ်ခြေ(၆၇၃)အိမ်၊ အိမ်ထောင်စု (၇၄၅)စု၊ လူဦးရေ(၂၈၁၇)ဦးတို့ သောက်သုံးရေ အသုံးပြုနိုင်ရန် ရေဂါလံ(၁၃၉၀၀)ဂါလံကို ကျေးရွာများ အရောက် ပေးဝေလှူဒါန်းခဲ့သဖြင့် ကျေးရွာပြည်သူများ၏ ကျေးဇူးတင်စကား ပြန်လည်ပြောကြားမှု များနှင့်အတူ ဒေသခံများရဲ့ ဝမ်းသာပီတိ ကြည်နူးမှုပုံရိပ်များကို တွေမြင်ခဲ့ရသည်။  
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment