Saturday, May 21, 2016

နတ်ရေကန်ရှောင်ကွင်းလမ်းတွင် ခရီးသည်တင်မှန်လုံယာဉ် ချောက်တွင်းထိုးကျတိမ်းမှောက်မှု ဖြစ်ပွား


ငဖဲ     မေ     ၂၁
မေလ ၂၀ ရက်နေ့ နံနက် ၆ နာရီ အချိန်ခန့်က မန္တလေးမှ စစ်တွေသို့ ယာဉ်မောင်း မြင့်လှိုင် (သ)၅၈၊(ဘ)ဦးသန်း(၄)ရပ်ကွက်၊ယုဇနဥယျာဉ်မြို့တော်၊တောင်ဒဂုံမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး မောင်းနှင်သည့် ယာဉ်အမှတ် 2D/-----ရိုးမ မန္တလာ ခရီးသည်တင်မှန်လုံယာဉ်သည် မင်းဘူးခရိုင် ငဖဲမြို့နယ် တောင်ပေါ်ဒေသ နတ်ရေကန်ရှောင်ကွင်းလမ်း မိုင်တိုင်အမှတ် (၁၄/၁)မိုင် ပေါလုကွေ့ အတက်တွင် နောက်ပြန်လိမ့်ကျ တိမ်းမှောက်ပြီး အနက်ပေ(၁၅၀)ခန့်ရှိ ချောက်အတွင်းထိုးကျ တိမ်းမှောက်မှုဖြစ်ပွားရာ ယာဉ်ပေါ်ပါခရီးသည် ကျား/မ(၃၇)ဦးအနက် မှ ဒဏ်ရာရရှိသူ(၃၁)ဦး၊ သေဆုံးသူ အမျိုးသား(၁)ဦးဖြစ်ကြောင်းနှင့် ဒဏ်ရာရရှိသူများအား ပဒါန်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ကုသလျက်ရှိပြီး ဂုတ်ကြီးရဲစခန်းမှူး ရဲအုပ်ကျော်မျိုးမှတရားလိုပြုတိုင်တန်းသဖြင့် ငဖဲမမစ ယာဉ်(ပ)၅/၂၀၁၆)၊ပုဒ်မ ၃၃၇/၃၃၈/၃၀၄-ကဖြင့် ယာဉ်မောင်း ဦးမြင့်လှိုင်အား အမှုဖွင့်စစ်ဆေး အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment