Thursday, May 12, 2016

လူထုအခြေပြု အရန်သားဖွားဆရာမများမွန်းမံသင်တန်း(၂/၂၀၁၆)ဖွင့်လှစ်




ငဖဲမေ     ၁၁
          မကွေးတိုင်းဒေသကြီးငဖဲမြို့နယ် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် Save the Children တို့ပူးပေါင်းကျင်းပ ပြုလုပ်သည့် လူထုအခြေပြုအရန်သားဖွားဆရာမများမွန်းမံသင်တန်း (၂/၂၀၁၆)ဖွင့်ပွဲကိုယနေ့နံနက် ၈နာရီခွဲက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
          အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်ကအဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇော်အောင်ကသင်တန်းသူများမိမိကိုယ်ကျွမ်းကျင်မှု အပြည့်ရှိလာအောင်  မိခင်များပုံမှန်စောင့်ရှောက်ခြင်း၊အရေးပေါ်စောင့်ရှောက်ခြင်းနှင့်လွှဲပြောင်းညွှန်းပို့ခြင်းဆိုင်ရာကဏ္ဍများတွင် တိုးတက်စေရန်နှင့်ကျန်းမာရေးအသိပညာဗဟုသုတပြည့်ဝစေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်းပြောကြားသည်။
အဆိုပါသင်တန်းကာလမှာ(၅)ရက်ဖြစ်ပြီးငဖဲမြို့နယ်အတွင်းရှိတောင်ပေါ်ဒေသနှင့်ကျေးရွာများမှအရန်သားဖွားသင်တန်းသူ(၂၃)ဦးတက်ရောက် သင်ယူကြကြောင်းသိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment