မင်းဘူး မေ ၂၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ် ရဲတပ်ဖွဲ့၏ ရက်(၁၀၀)စီမံချက်ဆောင်ရွက်မှုအဖြစ်
ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း၊ မူးယစ်ဆေးဝါးနှင့် အထွေထွေမှုခင်းများ မဖြစ်ပွားစေရေး သတိပေး
နှိုးဆော်ချက်ဆိုင်ဘုတ်ကို အများပြည်သူသိရှိစေရန် လူစည်းကားရာနေရာနှစ်ခု၌ မေလ(၂၅)ရက်နေ့
နံနက်ပိုင်းက စိုက်ထူခဲ့သည်။
အဆိုပါဆိုင်းဘုတ်များကို ခရိုင်ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူးဝင်းမောင်၊
ခရိုင်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ မင်းဘူးမြို့မရဲစခန်းမှူး
ဒု-ရဲမှူးဝင်းလှိုင်နှင့်တပ်ဖွဲ့ဝင်များ၊ ယာဉ်စည်းကမ်းထိန်းသိမ်းရေးတပ်ဖွဲ့ နှင့် အမှတ်(၁/၂/၃/၄)ရပ်ကွက်များမှ
အုပ်ချုပ်ရေးမှူးများပူးပေါင်းကာ မင်းဘူးမြို့ တောင်းလှည်း ကောက်(ခေါ်)အမှတ်(၁) ရပ်ကွက်နှင့်
မြောက်လှည်းကောက်(ခေါ်)အ၀ိုင်းပတ် အမှတ်(၄)ရပ်ကွက်ထိပ်၊ မင်းဘူး-စကုကားလမ်းမတွင် စိုက်ထူခဲ့ကြပြီး
မင်းဘူးမြို့နယ်ရဲတပ်ဖွဲ့မှ ဥပဒေရေးရာသိမှတ်စရာ လက်ကမ်းစာစောင်များကို ခရီးသွားလာပြည်သူများအား
ဖြန့်ဝေပေးခဲ့ကြောင်း သတင်ရရှိသည်။
ဖိုးပြည့်(မင်းဘူး)
0 comments:
Post a Comment