စေတုတ္တရာ မေ
၁၈
မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ
ဝန်ထမ်းများမှ သဘာဝဘေးအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များကို မေလ (၁၆)ရက်နေ့မှ (၁၇)
ရက်နေ့ထိ လူစည်ကားရာနေရာများဖြစ်သော မြို့နယ်စည်ပင်သာယာဈေးအတွင်း ဈေးရောင်း/ဈေးဝယ်ပြည်သူ
များအား အခမဲ့ဖြန့်ဝေပေးခဲ့သည်။
အဆိုပါလက်ကမ်းစာစောင်များအား တိုင်းဒေသကြီး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာနမှ ပေးပို့သော မီးဘေး၊ရေဘေး၊မိုးခေါင်ရေရှာဘေး၊မုန်တိုင်းဘေး၊မိုးကြိုးဘေး၊ငလျင်ဘေး၊
မြေပြိုဘေး၊ ဆူနာမီဘေး စသည့် ပညာပေးလက်ကမ်းစာစောင်(၈)မျိုးကို ပြည်သူများ သိရှိစေရန်၊
နှင့် ဘေးအန္တ ရာယ်ကျရောက်လာပါက ကြိုတင်ကာကွယ်ရေးအစီအစဉ်များအရ ပြုမှုနေထိုင်တတ်စေရန်အတွက်
ဖြန့်ဝေပေး ခြင်းဖြစ်ကြောင်း သိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)
0 comments:
Post a Comment