မကွေးမေ၁၁
အယ်နီညိုရာသီဥတုပြင်းထန်မှုကြောင့်
မကွေးတိုင်းဒေသကြီးအတွင်းအချို့ကျေးရွာများတွင် သောက်သုံးရေများနည်းပါးခြင်း၊ ခမ်းခြောက်ခြင်းများဖြစ်ပေါ်နေမှုများကြောင့်
မကွေးတိုင်းဒေသကြီးခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးမင်းဟန် ဦးဆောင်မှုဖြင့် ရဲတပ်ဖွဲ့ဝင်များ၊
မြို့နယ်ခေတ္တမီးသတ်ဦးစီးမှူးဦးစိုးညွန်နှင့်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည်
ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲကမကွေးမြို့နယ် သက်ရင်းတောကျေးရွာအုပ်စုသက်ရင်းတောကျေးရွာရွာဦးဘုန်းတော်ကြီးကျောင်းတွင်
၎င်းကျေးရွာရှိအိမ်ခြေ(၁၈၇)အိမ်၊အိမ်ထောင်စု(၁၉၄)စုမှလူဦးရေ(၈၆၈)ဦးတို့၏
သောက်သုံးရေခက်ခဲမှုအတွက် သောက်ရေ (၅၀)လီတာဘူးကြီး (၁၅၀)ဘူး၊သုံးရေဂါလံ (၄၀၀၀)ကိုမီးသတ်ရေသယ်ယာဉ်(၂)စီး၊ဂါလံ(၈၀၀)ဆံ့
မီးငြိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် သောက်သုံးရေများ သွားရောက်ပေးဝေလှူဒါန်းခဲ့ ကြကြောင်း သိရသည်။
အဆိုပါ မကွေးမြို့နယ် သက်ရင်းတောကျေးရွာသည်
မကွေးမြို့မှ အရှေ့မြောက်(၃၃)မိုင်အကွာတွင် တည်ရှိပြီး သဘာဝရေကန်(၄)ကန်၊ ကျောက်ခွေချထားသောလက်ဆွဲရေတွင်း(၉)တွင်း၊
စက်ရေတွင်း(၁)တွင်းရှိပြီးရာသီဥတုပူပြင်းမှုကြောင့်ရေတွင်းရေကန်များတွင် သောက်သုံးရေလျှော့နည်းမှုရှိသော်လည်းသုံးစရာရေမရှိအောင်
ရေပြတ်လပ်မှုမရှိကြောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးကြည်ဖြိုးကပြောသည်။
အလားတူမေလ ၁၁ ရက်နေ့မွန်းလွဲ
၂ နာရီခွဲကရေနံချောင်းမြို့နယ်ရုံးကုန်းကျေးရွာအုပ်စုရုံးကုန်းကျေးရွာတွင်မကွေးတိုင်းဒေသကြီးရဲအကူတပ်ဖွဲ့ခွဲမှ
ရဲအုပ်ကျော်မင်းဦးဆောင်သည့်တပ်ဖွဲ့ဝင်များသည် ၄င်းကျေးရွာရှိ
အိမ်ခြေ(၈၃)အိမ်၊အိမ်ထောင်စု(၉၀)စုမှ လူဦးရေ(၅၆၀)တို့ သောက်သုံးရေအသုံးပြုနိုင်ရန်
မြန်မာနိုင်ငံရဲတပ်ဖွဲ့မှထုတ်ပေးထားရှိသောရေဂါလံ(၂၇၀၀)ဆံ့ ရေသယ်ယာဉ်ဖြင့် သွားရောက်ကာရေဂါလံ(၂၇၀၀)အား
ပေးဝေလှူဒါန်းခဲ့ကြောင်းသိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment