Saturday, May 28, 2016

ပွင့်ဖြူမြို့အချက်အချာကျသည့် လမ်းဆုံများတွင် ဆိုင်ကယ်မောင်းသူများလိုက်နာရန် သတိပေးနှိုးဆော်ချက် ဆိုင်းဘုတ်များစိုက်ထူ




ငဖဲမေ     ၂၅
          မကွေးတိုင်းဒေသကြီးမင်းဘူးခရိုင် ပွင့်ဖြူမြို့တွင်ဆိုင်ကယ်စီးနင်းသူများယာဉ်အန္တရာယ်ကင်းဝေးစေရေး သတိပြုလိုက်နာဆောင်ရွက်နိုင်စေရန် အသိပညာပေးဆိုင်းဘုတ်စိုက်ထူခြင်းကိုမေ ၂၄ ရက် မွန်းလွဲ၂ နာရီခွဲကပွင့်ဖြူ-စလင်းသွားကားလမ်းမုန်းချောင်းတံတားထိပ်နှင့် မြို့အ၀င် လေးတိုင်စင်လမ်းဆုံတို့၌်ပြုလုပ်ခဲ့သည်။
          အဆိုပါ အသိပညာပေးဆိုင်းဘုတ်စိုက်ထူရာတွင်မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်ဘုန်းမြင့် နှင့် ဌာနဆိုင်ရာများ၊ ပွင့်ဖြူမြို့မစခန်းမှူး ဒု-ရဲမှူးလှစိုးနှင့်တပ်ဖွဲဝင်များ၊မြို့နယ်မီးသတ်ဦးစီမှူး ဦးအောင်ကျော်လွင်ဦးနှင့်မီသတ်တပ်ဖွဲ့ဝင်များ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မထသ အဖွဲ့ဝင်များ တက်ရောက်ကာအသိပညာပေးဆိုင်းဘုတ်များကိုလူစည်ကားသည့် ပွင့်ဖြူ-စလင်းသွားကားလမ်းမုန်းချောင်းတံတားထိပ်နှင့် မြို့အ၀င် လေးတိုင်စင် လမ်းဆုံနေရာများတွင် စိုက်ထူခဲ့ကြောင်းနှင့်ဆိုင်ကယ်မောင်းသူများလိုက်နာနိုင်ရန်  ပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့် ခရီးသွားပြည်သူများယာဉ်အန္တရယ်ကင်းရှင်းစေရေးယာဉ်စည်းကမ်း၊လမ်းစည်းကမ်းဆိုင်ရာများရှင်းလင်းပြောကြားခြင်းများဆောင်ရွက်ခဲ့ကြကြောင်းသိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment