Saturday, May 21, 2016

တိုင်းဒေသကြီး ဥပဒေချုပ်နှင့် တိုင်း၊ခရိုင်၊မြို့နယ် ဥပဒေအရာရှိများ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ


မကွေး     မေ     ၂၁
ပြည်ထောင်စုရှေ့နေချုပ်နှင့်တိုင်းဒေသကြီး/ပြည်နယ်ဥပဒေချုပ်များ၊တိုင်းဒေသကြီး/ပြည် နယ် ဥပဒေအရာရှိများ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ အတွေ့အကြုံရှင်းလင်းပွဲ နှင့်တိုင်းဒေသကြီးဥပဒေချုပ်နှင့်တိုင်း/ခရိုင်/မြို့နယ် ဥပဒေအရာရှိများ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲ အခမ်းအနားကို (၂၁-၅-၂၀၁၆)ရက်နေ့နှင့်(၂၂-၅-၂၀၁၆)ရက်နေ့များတွင် မကွေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံး၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညို နှင့်တိုင်းဒေသ ကြီး ဥပဒေချုပ် ဦးဆန်းလင်းတို့က တရားဥပဒေစိုးမိုးရေး၊ အဂတိလိုက်စားမှုကင်းရှင်းရေး၊ ဥပဒေ အရာရှိများ၏ ဂုဏ်သိက္ခာနှင့်အရည်အသွေး မြင့်မားရေးတို့အတွက် လမ်းညွှန်အမှာစကား ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဥပဒေအရာရှိ ဦးကျော်ကျော်အောင်က ပထမအကြိမ် လုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲ အတွေ့အကြုံများကို ရှင်းလင်းပြောကြားသည်၊ ဆက်လက်၍ မကွေးတိုင်းဒေသ ကြီးဥပဒေချုပ်ရုံးနှင့်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့်မြို့နယ်ဥပဒေရုံးများမှ ဥပဒေအရာရှိများက လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment