မင်းဘူး မေ
၂၇
မကွေးတိုင်းဒေသကြီး၊မင်းဘူး(စကု)မြို့နယ်၊
အခွန်ဆိုင်ရာရှင်းလင်းဆွေးနွေးပွဲကို မြို့နယ်အခွန်ဦးစီးဌာန မှူးရုံးတွင် မေလ(၂၆)ရက်နေ့
မွန်းလွှဲ(၂)နာရီက ကျင်းပခဲ့ရာ မြို့နယ်အတွင်းရှိ အခွန်ထမ်းပြည်သူ (၇၀)ဦးတက် ရောက်ခဲ့သည်။
ရှင်းလင်းဆွေးနွေးပွဲတွင် မြို့နယ်အခွန်ဦးစီးဌာနမှူး
ဒေါ်နွယ်နွယ်ဦးမှ အထူးကုန်စည်ခွန်ဥပဒေနှင့် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေများအား
ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် အခွန်ထမ်း ပြည်သူများမှ သိရှိလိုသည်များကို
မေးမြန်းရာ မြို့နယ်အခွန်ဦးစီးဌာနမှူးမှ ပြန်လည်ရှင်းလင်းဖြေကြား ခဲ့ကြောင်း သိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)
0 comments:
Post a Comment