Wednesday, May 4, 2016

နှစ်(၇၀)ပြည့် မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်


မင်းဘူး      မေ       ၎
မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်၊မင်းဘူးမြို့နယ်တွင် မေလ(၅)ရက်နေ့တွင် ကျရောက်မည့် နှစ်(၇၀) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မင်းဘူးမြို့၊ အမှတ်(၃)ရပ်ကွက်၊ ဓါတ်တော်ကုန်းဘုရားတွင် မေလ(၄)ရက်နေ့၊နံနက်(၇)နာရီအချိန်ကစုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ စုပေါင်းဆောင်ရွက်ခြင်းကို မင်းဘူးခရိုင်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်း ဦးဆောင်သော သန္ဓေ မီးသတ်တပ်ဖွဲ့ဝင် (၂၅)ဦး၊အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၅)ဦး တို့မှ ရေသယ်ယာဉ်၊ရေတင်/ရေဖြန်းပိုက်များဖြင့် ဓါတ်တော်ကုန်းစေတီတော်နှင့် ရင်ပြင်တော်ပေါ်ရှိ အမှိုက်နှင့်အညစ်အကြေးများအား သန့်ရှင်းရေး စုပေါင်း ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)

0 comments:

Post a Comment