မင်းဘူး မေ
၁၇
မကွေးတိုင်းဒေသကြီး၊မင်းဘူး(စကု)မြို့နယ်တွင်
မေလ(၁၅)ရက်နေ့ ညနေ(၅)နာရီခန့်က မိုးသက်လေ ပြင်းများတိုက်ခတ်မှုကြောင့် ကျေးရွာ (၂၅)ရွာတွင်
ပြိုလဲပျက်စီးလူနေအိမ် (၇၄)လုံး၊စာသင်ကျောင်း (၁)ကျောင်း၊အမိုးလန်ပျက်စီး လူနေအိမ်(၆၀၀)ကျော်ခန့်နှင့်
စေတီပုထိုး (၂)ဆူ ပျက်စီးခဲ့ရသည်။
ကျောက်စစ်ပုံကျေးရွာတွင် ပြိုလဲပျက်စီးလူနေအိမ်(၈)လုံး၊အမိုးလန်လူနေအိမ်(၁၀၀)လုံးပျက်စီးခဲ့၍
မင်းဘူးမြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် အဆိုးရွာဆုံး ပျက်စီးခဲ့ရသည့်
ကျေးရွာဖြစ်သည်။
အဆိုပါ ကျောက်စစ်ပုံကျေးရွာသို့ မေလ(၁၆)ရက်နေ့
မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး
ဒေါက်တာ ၀င်းမြတ်အေး၊မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့်
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးများမှ သွားရောက်၍
အားပေးနှစ်သိမ့်စကားများပြောကြားပြီး မြို့နယ်အတွင်း ပျက်စီးခဲ့သော ကျေးရွာများမှ အိမ်ထောင်စုများအတွက်
ထောက်ပံ့ငွေကျပ် (၁၅၇)သိန်းနှင့် အသင့်စား ခေါက်ဆွဲခြောက်များ ပေးအပ်ခဲ့သည်။ထို့မှတဆင့်
ကံသစ်ကျေးရွာတွင် သစ်ပင်ပြိုကျ၍ ပျက်စီးခဲ့သော နေအိမ်(၁)လုံးအတွက် ထောက်ပံ့ငွေကျပ်(၅)သောင်းနှင့်
မန်းကောက်ကျေးရွာ မိုးကြိုးထိမှန်သေဆုံးခဲ့သူ(၁)ဦးအတွက် ထောက်ပံ့ငွေ ကျပ်(၁)သိန်းတို့
သက်ဆိုင်ရာမိသားစုများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ကူညီပေးခဲ့သည်။
မင်းဘူးမြို့နယ်အတွင်း မေလ(၁၅)ရက်နေ့
ညနေပိုင်းတွင်ဖြစ်ပေါ်ခဲ့သော မိုးသက်လေပြင်းတိုက်ခတ်မှု ကြောင့် ပျက်စီးဆုံးရှုံးခဲ့သော
ကျေးရွာများသို့ ခရိုင်ရဲတပ်ဖွဲ့မှူး ဦးဆောင်သော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်
မီးသတ်တပ်ဖွဲ့ဝင်များမှ ကျေးရွာချင်းဆက်လမ်းများပေါ်တွင် ပြိုလဲနေသောသစ်ပင်များ၊ကျေးရွာအတွင်း
ရှိ ပြိုလဲသစ်ပင်ကြီးများအား မေလ(၁၆)ရက်နေ့တွင် အမြန်ရှင်းလင်းဆောင်ရွက်ပေးနိုင်ခဲ့ပြီး၊
မေလ(၁၇)ရက် နေ့အထိ လူနေအိမ်များ အမြန်ပြန်လည်ပြုပြင် တည်ဆောက်နိုင်ရေး အဖွဲ့များခွဲ၍
ကျေးရွာပြည်သူ လူထုနှင့် ပူးပေါင်းကာ ကူညီဆောင်ရွက်ပေးနေလျက်ရှိကြောင်းသိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)
0 comments:
Post a Comment