Wednesday, May 18, 2016

နွေရာသီရေရှားပါးမှု မရှိရေး စက်ရေတွင်းပြုပြင်မှု အမြန်ဆောင်ရွက်




ပွင့်ဖြူ     မေ     ၁၇
ပွင့်ဖြူမြို့နယ် ချောင်းဆုံးကျေးရွာအုပ်စု၊ လေးအိမ်ကုန်း(လက်ယက်)ကျေးရွာသည် အိမ်ခြေ(၆၀)၊အိမ်ထောင်စု(၆၁)၊လူဦးရေ(၄၀၂)နေထိုင်လျှက်ရှိပြီး၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရရန်ပုံငွေ ဖြင့် ၄” Ø ( ၂၉၀’ ) ၂၅ ကောင်အင်ဂျင်၊ ရေမြှုပ်ပန့်(၁၅’× ၁၀’× ၆’) အုတ်ရေကန်တို့ ဆောင်ရွက်ခဲ့သည်။
          အဆိုပါစက်ရေတွင်းမှာ (၂၄.၂.၂၀၁၆) ရက်နေ့တွင် ရေမြှုပ်ပန့်မော်တာပျက်စီးသဖြင့် သောက်သုံးရေခက်ခဲမှုအား ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသို့ ရွာတာဝန်ခံ ဦးတင်ငွေမှ ဖုန်းဆက် အကူအညီတောင်းခံခဲ့ရာ မြို့နယ်ကျေးလက်မှ ကွင်းဆင်းစစ်ဆေး၍ ရက်(၁၀၀)အတွင်း ဆောင်ရွက်နိုင်ရေးအတွက် မကွေးအခြေစိုက်(BAJ)အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး (၃၀.၄.၂၀၁၆)ရက်နေ့တွင်ပြီးစီးကာ (၁)နာရီ ဂါလံ(၁၈၀၀) ထွက်ရှိသဖြင့် ကျေးရွာအတွင်း သောက်သုံးရေဖူလုံစွာ ရရှိပြီးဒေသခံကျေးရွာပြည်သူများ၏ သောက်သုံးရေခက်ခဲမှုအား အမြန်ဆုံး ဖြေရှင်းဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment