Thursday, May 12, 2016

*ရေပြက်လပ်မှုမရှိ၍ စက်ရေတွင်းတူးဖော်ပေးရန်မလိုေ ကြာင်း မြို့နယ်ကျေးလက်ဦးစီးမှူးမှပြော*



  မကွေးမြို့နယ်၊ သက်ရင်းတောကျေးရွာတွင် ရေပြက်လပ်မှုရှိနေကြောင်း မေလ (၁၁)ရက်နေ့
  မြန်မာ့အလင်းသတင်းစာမျက်နှာဖုံးတွင် ပါရှိခဲ့သည့်သတင်းအရ
  မကွေးခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးမင်းဟန် ဦးစီးသည့် အဖွဲ့၊
  မကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး
  ဦးဝင်းနိုင်နှင့်အဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးညွှန့်
  ဦးစီးသည့်အဖွဲ့၊ လူကယ်ပြန်တိုင်းဦးစီးမှူး Sky Net ရုပ်သံတို့နှင့်အတူ
  ကွင်းဆင်းစစ်ဆေး ခဲ့ပါတယ်။ ယခုနှစ်ပါ ကျေးရွာဘေးရှိ နဂါးချောင်းအတွင်း
  လက်ယက်တွင်းမှရေဖြင့် သောက်ရေသုံးစွဲလျက် ရှိပါတယ်။ အယ်လ်နီညို၏
  ရိုက်ခတ်မှုကြောင့် ယခုနှစ်တွင် ရေကို ပိုမိုစောင့်ယူပြီးခပ်ရသည်။ အပေါ်ယံ
  ရေကြောများ ရေထွက်နည်းလာသည်ကို တွေ့ရှိရပါတယ်။ ထို့အပြင် လက်တူးတွင် (၉)တွင်း
  ဘုန်းတော်ကြီးကျောင်းရှိ (၂)လက်မစက်ရေတွင်တို့မှလည်း ရေရရှိနေပါတယ်။
  ကျေးရွာရှိ(ယခင်ကျေးရွာမှ တူးဖော်ခဲ့သော) ၄လက်မ (၆၀၀)ပေ Mono စက်ရေတွင်းမှာ
  ၁၉၉၅ ခုနှစ်မှစ၍ လွန်ကျိုးနေသဖြင့် မသုံးဘဲ Petter Engine မှာလည်း
  ပျက်စီးနေပါတယ်။ စက်ရေတွင်းထဲမှ ပိုနိုပန့်ကို ထုတ်ဖော်စစ်ဆေး၍ Developing
  လုပ်ခြင်း Borehole camera ဖြင့် စစ်ဆေးခြင်း ဆောင်ရွက်ပြီးပါက
  (ခွင့်ပြုငွေရရှိခဲ့လျှင်) submersible pump တပ်ဆင်ပေးနိုင်လျှင် ကျေးရွာအတွက်
  ယခင်ကထက် သောက်သုံးရေ ပို၍ အဆင်ပြေသွားမည်ဖြစ်ကြောင်း၊ စက်ရေတွင်းအသစ်
  တူးဖော်ပေးရန်မလိုကြောင်း မကွေးမြို့နယ်
  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး  ဦးဝင်းနိုင်မှ
  ပြောသည်။ အဆိုပါသက်ရင်းတောကျေးရွာသို့ မေ(၁၁)ရက်နေ့ နေ့လည်(၂)နာရီအချိန်က
  မကွေးခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးမင်းဟန် ဦးစီး၍ ခရိုင်ရဲတပ်ဖွဲ့နှင့်
  မြို့နယ်မီးသတ်ဦးစီးဌာတို့ပူးပေါင်းကာ အိမ်ခြေ (၁၈၇)အိမ်၊ အိမ်ထောင်စု
  (၁၉၄)စု၊ လူဦးရေ (၈၆၈)ဦးတို့အား သောက်ရေ(၅၀)လီတာဘူးကြီး (၁၅၀)ဘူး၊
  သုံးရေဂါလံ (၄၀၀၀) တို့အား ပေးဝေလှူဒါန်းခဲ့ကြောင်းသိရသည်။

                                  kzy

0 comments:

Post a Comment