Monday, May 16, 2016

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးသင်တန်းနှင့် ဟောပြောပွဲကျင်းပ


မင်းဘူး     မေ     ၁၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ရက်(၁၀၀)လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်သည့်အနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးသင်တန်းနှင့်ဟောပြောပွဲကိုမေလ (၁၆)ရက်နေ့ကမင်းဘူးမြို့နယ် မန်းရေနံမြေ လုပ်သားအပန်ဖြေရိပ်သာ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ပညာပေးသင်တန်းနှင့်ဟောပြောပွဲ၌ မင်းဘူးခရိုင်ဦးစီးမှူးဦးသန်းနိုင်ဦးနှင့် ဦးမျိုးမင်းထွန်း (စစ်ဆေးရေးမှူး-၂)တို့က မော်တော်ယာဉ်ဥပဒေပါတားမြစ်ချက်နှင့်ပြစ်ဒဏ်များ၊ လမ်းညွှန်များ၊ လမ်းအမှတ်အသားများနှင့်အချက်ပြများ၊ မော်တော်ယာဉ်သွားလာမှု စည်းကမ်းများ အမြန်လမ်းမကြီးတွင် လိုက်နာရမည့် စည်းကမ်းများ၊ ဆိုင်ကယ်စီးသူ စည်းကမ်းများကို Projector ဖြင့်အကျယ်တ၀ံ့ ရှင်းလင်းဆွေးနွေး၍ တက်ရောက်လာကြသူများအား လက်ကမ်းကြော်ငြာများ ဖြန့်ဝေခဲ့သည်။
အဆိုပါဟောပြောပွဲသို့ မန်းရေနံမြေမှဝန်ထမ်းများနှင့် ၀န်ထမ်းမိသားစု စုစုပေါင်း (၃၀၁)ဦးအား မော်တော်ဆိုင်ကယ်မောင်းလိုင်စင် ထုတ်ပေးနိုင်ရေးအတွက် ဟောပြောဆွေးနွေးစစ်ဆေး ဆောင်ရွက်ကြောင်းနှင့်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားရေးမှုဦးစီးဌာန မင်းဘူးခရိုင်ရုံးမှ ၁၆.၅.၂၀၁၆ ရက်နေ့ထိ Chip ပါသော Smart Card ယာဉ်မောင်းလိုင်စင် (၁၃၀)စောင်အားထုတ်ပေးခဲ့ပြီး ဖြစ်ကြောင် သိရှိရသည်။

ဖိုးပြည့်(မင်းဘူး)

0 comments:

Post a Comment