Sunday, May 29, 2016

ပညာသင်ထောက်ပံ့ကြေးဆိုင်ရာ မြို့နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပ ပွင့်ဖြူ

      မေ     ၂၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ပွင့်ဖြူမြို့နယ်တွင် ၂၀၁၆-၂၀၁၇ ပညာသင်နှစ် ကျောင်းထောက်ပံ့ကြေး နှင့် ပညာသင်ထောက်ပံ့ကြေးလုပ်ငန်းဆိုင်ရာ မြို့နယ်အဆင့် အလုပ်ရုံ ဆွေးနွေးပွဲ ကို မေလ(၂၇)ရက်နေ့ နံနက်(၉)နာရီက အ.ထ.ကကျောင်း အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေမှ အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပညာရေးမှူး ဒေါ်ပု ကအလုပ်ရုံဆွေးနွေးပွဲ ဆောင်ရွက်ရခြင်း၏ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားခဲ့သည်။ထို့နောက် ပွင့်ဖြူမြို့နယ်အတွင်း ထက်/လယ်/မှု အခြေခံပညာကျောင်းပေါင်း (၁၆၂)ကျောင်း၊ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၂)ကျောင်းတို့မှ ကျောင်းအုပ် ဆရာ (၁၆၄)ဦးမှ သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းခဲ့ရာ မြို့နယ်ပညာရေးမှူးနှင့်တာဝန်ရှိသူများမှ ပြန်လည်းရှင်းလင်းဖြေကြားခဲ့သည်။မြို့နယ်ပညာရေးမှူး ဒေါ်ပုမှ “ ထောက်ပံ့ကြေးကို ကော်မတီ(၅)ဦးဖွဲ့၍ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ကျောင်းအုပ်ဆရာများနှင့် တာဝန်ခံကျောင်းအုပ်များမှ ငွေစာရင်း ခေါင်စဉ်(၁၂)မျိုးဖြင့် စနစ်ကျနစွာ သုံးစွဲသွားရမည်ဖြစ်ကြောင်း၊ ကျောင်းများအား ရုံးချုပ်နှင့်မြို့နယ် စာရင်းရုံးများမှလာရောက် စစ်ဆေးမည်ဖြစ်ပြီး ပညာရေးဌာနအနေဖြင့် ငွေကြေးပြဿနာ၊စာမေးပွဲပြဿနာများနှင့် လူမှုရေးပြဿနာများ မဖြစ်ပေါ် ရေး အဓိကထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ” ပြောကြားခဲသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်အဆင့်ဌာဆိုင်ရာအကြီးအကဲများ၊မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြု ကော်မတီဝင်များ၊ကျောင်းအုပ်ဆရာများနှင့် ပညာရေးဝန်ထမ်းများ ၊မြို့မိ/မြို့ဖများ တက်ရောက်ခဲ့ကြောင်းသိရှိရသည်။
သူရထွန်း(ပွင့်ဖြူ)

0 comments:

Post a Comment