မင်းဘူး မေ
၁၇
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မကွေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
ကွတ်ကဲမှုအောက်ရှိ မင်းဘူးခရိုင်အတွင်း ၀န်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားလာစေရန် ရည်ရွယ်၍ စီမံခန့်ခွဲရေးသင်တန်းကို မေလ ၉ ရက်နေ့ နံနက် ၉နာရီက
ဖွင့်လှစ်ခဲ့ပြီး သင်တန်းကာလမှာ (၄) ပတ်ကြာ သင်ကြားပို့ချ သွားမည်ဖြစ်သည်။
စီမံခန့်ခွဲရေး
သင်တန်းသို့ မင်းဘူးခရိုင်အတွင်း ကြီးကြပ်ရေးမှူးနှင့်ဒုတိယဦးစီးမှူးများ စုစုပေါင်း
သင်တန်းသား(၁၂)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းတွင် တိုင်းဒေသကြီးဦးစီးမှူးဦးကျော်ဆွေကသင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍
ဝန်ထမ်းများအနေဖြင့် ရုံလုပ်ငန်းသဘောသဘာဝ၊ရုံးလုပ်ငန်းတာဝန်များနှင့်ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများကို
သိရှိနားလည်ကာ ဌာနမှဆောင်ရွက်ပေးသည့် စီမံကိန်းများအား ကျွမ်းကျင်ပိုင်နိုင်စွာ သိရှိနားလည်ပြီးလုပ်ငန်းများဆောင်ရွက်ရာတွင်
ထိရောက်လွယ် ကူ လျှင်မြန်စေရန် ရည်ရွယ်ကြောင်း၊သင်တန်းတွင် ဌာန၀န်ထမ်းများဖြစ်သည်နှင့်အညီ
စည်းကမ်းရှိရှိ ကြိုးကြိုးစားစားသင်ယူကြရန် မှာကြားခဲ့သည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment