ငဖဲ မေ
၂၆
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ
မြို့နယ်အတွင်းရှိ တောင်သူများသို့ မိုးရာသီ သီးနှံစိုက်ပျိုးစရိတ် ချေးငွေများကို
မေလ ၁၉ ရက်နေ့မှစတင်၍ ထုတ်ချေးပေးလျက်ရှိရာ ကျေးရွာအုပ်စု(၂၃)အုပ်စုမှ တောင်သူလယ်သမားများအတွက်
စုစုပေါင်းချေးငွေ ကျပ်သိန်းပေါင်း(၁၁၁၉၅.၅၀)အား ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ယနေ့ မေလ ၂၆ ရက်နေ့အထိ ကျောင်းကုန်းကျေးရွာ၊မာန်အောင်ကျေးရွာ၊ဇင်ပြွန်းကျေးရွာနှင့်ရင်းရည်ကျေးရွာအုပ်စုများမှ
တောင်သူ (၂၉၈)ဦး၏ လယ်မြေ(၄၄၆)ဧကအတွက်တစ်ဧကလျှင် စိုက်ပျိုးစရိတ် ကျပ်တစ်သိန်းခွဲနှုန်းဖြင့်လည်းကောင်း၊အခြားသီးနှံ(နှမ်း)စိုက်ဧက
တစ်ဧကလျှင် စိုက်ပျိုးစရိတ် ကျပ်နှစ်သောင်းနှုန်းဖြင့်(၄၄၁)ဧက တို့အတွက် စုစုပေါင်း(၇၅၇.၂၀)သိန်းကို
ထုတ်ချေးပေးခဲ့ကြောင်းနှင့်ကျန်ရှိသောကျေးရာအုပ်စုများမှ တောင်သူများထံသို့ စိုက်ပျိုးချိန်မီလက်ဝယ်ရရှိရေးအတွက်
အမြန်ဆုံး ထုတ်ချေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment