Thursday, May 5, 2016

မင်းဘူးမြို့တွင် နှစ်(၇၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကျင်းပ


မင်းဘူး     မေ     ၅
မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်၏ နှစ်(၇၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို မေလ(၅)ရက် နေ့ နံနက်(၇)နာရီက မင်းဘူးမြို့နယ် မီးသတ်တပ်ဖွဲ့အဆောက်အဦရှေ့တွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်မှ နှစ်(၇၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ မိန့်ခွန်းအား ပြောကြားပြီး အရန်မီးသတ်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်ပေးခဲ့သည်။
ဆက်လက်၍ မီးငြှိမ်းသတ်မှု သရုပ်ပြသမှုများအားဆောင်ရွက်ရာ ဆီမီးလောင်မှုအား ကျောလွယ်မီးသတ် ဆေးဘူး( Water Mix) ဖြင့်ငြှိမ်းသတ်ခြင်း၊အမြှပ်လုပ်မီးသတ်ပိုက်ခေါင်း၊အမြှပ်ဆေးရည်ဖြင့် ငြှိမ်းသတ်ခြင်း၊ အထပ်မြင့် အဆောက်အဦများ မီးလောင်မှုကို လှေကားထောင်၍ မီးငြှိမ်းသတ်ခြင်းနှင့် မီးသတ်စက်စွမ်းအင်များအား သရုပ်ဖော် ပြသခြင်းတို့ဆောင်ရွက်ခဲ့ပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။
အဆိုပါအခမ်းအနားသို့ မင်းဘူးမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာများမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များတက်ရောက်ခဲ့ကြောင်း သိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)

0 comments:

Post a Comment