Uwin Kyi shared Zaw Tinwin's post.
aw Tinwin added 5 new photos —
with Tin Zaw and Moe Lay.
မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် ယင်းသာစည်အုပ်စု ယင်းသာစည် အနောက်ရွာမှာ မေလ ၈ ရက်နေ့ စာပေဟောပြောပွဲ ကို စေတနာစက်ဝန်း ပရဟိတ လူမှူကူညီရေး အဖွဲ့မှ ဦးဆောင်၍ ဆရာ ညီမင်းညို ဆရာ အကြည်တော် ဆရာ တင်လင်းဇော်တို့က ဟောပြောကြမည်ဖြစ်ကြောင်း ဂုဏ်ယူ ဝမ်းမြောက်စွာ ကြော်ငြာဝင်လိုက်ရပါသည်.။
ဆရာတင်လင်းဇော်မှာ ရွာခံ ရွာသားတစ်ဦးဖြစ်ပြီး သိရသမျှ စာပေဆုပေါင်း ၁၇ဆု
ရရှိထားပြီး နိုင်ငံ၏ အမြင့်ဆုံးစာပေဆုဖြစ်သော အမျိုးသား စာပေဆုကို
ကလေးစာပေဖြင့် ၂၀၀၅ ခုနှစ်တွင်လည်းကောင်း တနှစ်တည်းမှာပင် စာပေဗိမ္မာန်
တတိယဆုကို လည်းရရှိခဲ့ပါသည်.။
လက်ရှိ မကွေးပညာရေးကောလိပ်တွင် လက်ထောက်ကထိကဖြင့် တိုင်းပြည်တာဝန် ထမ်းဆောင်နေဆဲဖြစ်ပြီး ဝတ္ထု ကဗျာ ဆောင်းပါးများဖြင့် စာပေအနုပညာတာဝန်ကိုပါ ပူးတွဲ ထမ်းဆောင်နေပါကြောင်း .။
ယင်းသာစည်ရွာ စေတနာ စက်ဝန်း ပရဟိတ လူမှူ ကူညီရေးအဖွဲ့ ကိုယ်စား..

0 comments:
Post a Comment