မေ ၁၁
ရက်(၁၀၀)စီမံချက်ကာလအတွင်း ပြည်သူလူထုက အသိအမှတ်ပြုသည့်
တုန့်ပြန်မှုရရှိစေရေး အတွက် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် ရက်(၁၀၀)ကာလအတွင်း
အောင်မြင်အောင်ဆောင်ရွက် နိုင်ရေး ၁၁.၅.၂၀၁၆ ရက်နေ့ ၀၈၁၅ အချိန်က ငဖဲမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးအစည်းအဝေးခန်းမနှင့်
၁၂း၁၀ နာရီအချိန် စေတုတ္တရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ တို့တွင်
မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မြင့်လွင်က ပြောင်းလဲလာသည့် ခေတ်စနစ်နှင့်အညီ
ရဲတပ်ဖွဲ့အနေဖြင့် ပြည်သူကိုဝန်ဆောင်မှုပေးပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ အရည်အသွေးမြင့်မားစေလာစေရန်
နှင့် ပြည်သူလူထု၏အမြင်ပြောင်းလဲရေးအတွက် ရဲတပ်ဖွဲ့ဝင်များ၏ စိတ်ဓါတ်၊စည်းကမ်း၊ ကိုယ်ကျင့်တရား၊
ကိုယ်ချင်းစာနာစိတ်၊ နွေးထွေးစွာဆက်ဆံမှု၊ ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်တတ်မှုနှင့်
ဝန်ဆောင်မှုကိုရှေးရှုသောရဲလုပ်ငန်းစနစ်ဖြစ်ပေါ်လာစေရန် မိမိတို့ရဲတပ်ဖွဲ့အနေဖြင့် ပြောင်းလဲဆောင်ရွက်
လျှက်ရှိကြောင်း၊ မှုခင်းကျဆင်းရေး၊ ယာဉ်လမ်းစည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင်
ပြည်သူများနှင့် သက်ဆိုင်ရာဌာနများအနေဖြင့် အောင်မြင်မှုရရှိအောင် ပူးပေါင်းဆောင်ရွက်ပြီး
ညှိနှိုင်းဆောင်ရွက်ပေးစေလိုကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်ပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊
အဖွဲ့အစည်းအသီးသီးနှင့် မီဒီယာများက ရက်(၁၀၀)စီမံချက်ကာလအတွင်း ပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍
သက်ဆိုင်ရာ ဌာနအသီးသီးတို့မှ ရှင်းလင်းဆွေးနွေးချက်များနှင့် သိရှိလိုသည့်မေးမြန်းမှုများအား
တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment