ငဖဲမေ ၁၂
မင်းဘူးခရိုင်
ငဖဲမြို့နယ်တွင် မေ ၁၁ ရက်ညနေ ၇ နာရီအချိန်ခန့် ငဖဲမြို့မှ ၄မိုင်ခန့်အကွာငဖဲ-ပဒါန်းကားလမ်း(၆/၅)မိုင်၊ပေါင်းကလေးကျေးရွာလမ်းခွဲအနီးတွင်
မော်တော်ယာဉ်နှင့်ဆိုင်ကယ် တိုက်မိခဲ့ကြောင်းသတင်းအရငဖဲမြို့မရဲစခန်းမှ သွားရောက်စစ်ဆေးရာငဖဲမှပဒါန်းသို့
ကြည်း-၄၇၈၀၀ ၊ဗိုလ်ကြီးထွန်းသူရဇော်(ငဖဲမြို့နယ် တပ်ဆွယ်မှူး)(ဘ)ဦးညီညီ(သ)၃၀နှစ် ၊အမှတ်(၃)စစ်တပ်စုဆောင်းရေးတပ်၊မကွေးမြို့
တစ်ဦးတည်းစီနင်းမောင်းနှင်လာသည့် HONDA WAVE-125 အဖြူရောင်ဆိုင်ကယ် (၂၉ ယ/-----)အားပဒါန်းမှငဖဲသို့
စန်းရွှေမောင်းနှင်လာသည့် ယာဉ်အမှတ် MDYIK/1217 နံပါတ်ပါ SKAT အ၀ါရောင် မော်တော်ယာဉ်မှအရှိန်ပြင်းမောင်းနှင်မှုကြောင့်
အရှိန်မထိန်းနိုင်ဘဲတစ်ဘက်ယာဉ်ကြောမှမောင်းနှင်လာသည့်ဆိုင်ကယ်အားမျက်နှာချင်းဆိုင်ဝင်တိုက်မိပြီး
ဗိုလ်ကြီးထွန်းသူရဇော်တွင် ၀ဲဒူးခေါင်းအောက်(၅'' ခန့်)ပေါက်ပြဲဒဏ်ရာ(၁)ချက်နှင့်ဦးခေါင်းရှေ့မှနောက်ထိ
(၁၀'' ခန့်)ကွဲ၍ ဦးနှောက်များထွက် ဒဏ်ရာများရရှိကာအခင်းဖြစ်နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ မော်တော်ယာဉ်အားမဆင်မခြင်မောင်းနှင်သူစန်းရွှေ(သ)၅၃၊(ဘ)
ဦးတင်အုန်း၊စပါးတန်းကျေးရွာအုပ်စု၊မင်းတုန်းမြို့နယ် အားအရေးယူပေးရန် ရဲအုပ် သိန်းလွင်(ဒု-စခန်းမှူး)မှတရားလိုပြုတိုင်တန်း၍
ငဖဲမြို့မရဲစခန်းယာဉ်(ပ)၄/၂၀၁၆၊ပုဒ်မ ၃၀၄-က ဖြင့်အမှုဖွင့် စစ်ဆေးအရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment