Thursday, May 5, 2016

လေဘေးသင့်ကျေးရွာများသို့ ပြည်သူ့အကျိုးပြုလုပ်ငန်းများအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ပူးပေါင်းကူညီဆောင်ရွက်


ပွင့်ဖြူ      မေ      ၅
မင်းဘူးခရိုင်၊ပွင့်ဖြူမြို့နယ်အတွင်း ဧပြီလ(၃၀)ရက်နေ့ မွန်းလွဲ(၃)နာရီခန့်က လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့်နေအိမ်များအား ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ပွင့်ဖြူမြို့နယ်ရဲတပ်ဖွဲ့ ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူး တင်ထွန်းအောင်၊ပွင်ြ့ဖူမြို့မရဲစခန်း စခန်းမှူး ဒု-ရဲမှူးလှစိုး၊ကုန်းဇောင်းနယ်မြေရဲစခန်း စခန်းမှူး ရဲအုပ် ဌေးလွင်တို့မှ ဦးဆောင်မှုဖြင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့မှ အင်အား(၁၀၀)ဦးတို့ဖြင့် မေလ(၄)ရက်နေ့က လေဘေးသင့်ကျေးရွာများဖြစ်သည့်၊ကုန်းဇောင်းကျေးရွာနှင့် ရွာခိုင်ကျေးရွာများအတွင်း လေပြင်း တိုက်၍ လဲကျနေသည့်သစ် ပင်များရှင်းလင်းခုတ်ထွင်းခြင်း၊လူသွားလမ်းများရှင်းလင်းပေးခြင်း၊သစ်ပင်များ ပိနေသည့် နေအိမ်များအား ကူညီဝိုင်ဝန်း ဖယ်ရှားရှင်းလင်းပေးခြင်း၊ပျက်စီးသွားသည့် ဆေးပေးခန်းများအား ရှင်းလင်းပေးခဲ့သည်။
အဆိုပါ ကျေးရွာများနှင့် နီးစပ်ရာ လေဘေးသင့်ကျေးရွာများသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အမှတ်(၁၀)၊ရဲလုံခြုံရေးတပ်ဖွဲ့ခွဲ ပြည်မြို့၊ပဲခူးတိုင်းမှ ဒု-ရဲမှူး မြတ်မင်းကျော် ဦးဆောင်သော ရဲတပ်ဖွဲ့အင်အား(၄၈)ဦးနှင့် မင်းဘူးခရိုင် ခရိုင်အကူ ရဲတပ်ဖွဲ့ခွဲ ဒု-ရဲအုပ် နောင်နောင်ဦးဆောင်သော  ရဲတပ်ဖွဲ့ဝင်အင်အား (၁၀)ဦး၊ ပွင့်ဖြူမြို့နယ်ရဲတပ်ဖွဲ့မှ (၁၄)ဦး စုစုပေါင်း (၇၂)ဦးတို့သည် မေလ(၃)ရက်နေ့မှစတင်၍ မေလ(၉)ရက်နေ့ထိ တစ်ရက်လျင် (၂)ကြိမ်နှုန်းဖြင့် ကျေးရွာအုပ်စုများကို အခြေပြု၍ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ကျေးလက်နေပြည်သူများနှင့်အတူ ပူးပေါင်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

သူရထွန်း(ပွင့်ဖြူ)

0 comments:

Post a Comment