Saturday, May 14, 2016

မင်းဘူးခရိုင် အင်း/တင်ဒါ ပထမအကြိမ်လေလံတင်ရောင်းချပွဲကျင်းပ




ပွင့်ဖြူ     မေ     ၁၃
          ၂၀၁၆-၂၀၁၇ မင်းဘူးခရိုင် အင်း/တင်ဒါပိုက်ချက်များလေလံတင်ရောင်းချပွဲအခမ်းအနားကို မေလ(၁၂)ရက်နေ့ နံနက်(၁၀)နာရီက ပွင့်ဖြူမြို့ငါးလုပ်ငန်းဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။
          အခမ်းအနားတွင် ရှေ့ဦးစွာမကွေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးမောင်ချစ်မှ အဖွင့်အမှာစကားပြောကြာပြီး မင်းဘူးခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူးဦးဇော်မြင့်နိုင်မှ လေလံတင် ရောင်းချပွဲနှင့်ပတ်သက်၍ စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ထိုနောက် မင်းဘူးခရိုင်အတွင်းရှိ ရေလုပ်သားများမှ သိရှိလိုသည့်အကြောင်းအရာများကို မေးမြန်းဆွေးနွေးရာ တိုင်းဒေသကြီးဦးစီးဌာနမှူးမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။
          ထို့နောက်၂၀၁၆-၂၀၁၇ မင်းဘူးခရိုင် အင်း/တင်ဒါပိုက်ချက်များ လေလံတင်ပွဲကိုစတင် ကျင်းပရာ ခရိုင်အတွင်းရှိ ရေလုပ်သားအင်းသားကြီး(၇၀)ဦးခန့်မှ အင်း(၇)အင်းအား ဈေးပြိုင်စနစ်ဖြင့် ရောင်းချခဲ့ပြီး တင်ဒါပိုက်ချက်(၂၀)အား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)

0 comments:

Post a Comment